ငါးမွေးတောင်သူများနှစ်စဉ်ကြုံတွေ့နေရသော ငါးရောဂါ
ငါးမွေးမြူသောတောင်သူအများစုသည် လွန်ခဲ့သော အနှစ်(၂၀)ခန့် ငါးမွေးမြူရေးလုပ်ငန်းတွင် စိန်ခေါ် မှု့များနည်းပါကြောင်း နှင့်ယခုကာလတွင် ငါးစာဈေးနှုံးသည်စိန်ခေါ်မှု့ကြီးမားပြီး ၊အခြားစိန်ခေါ်မှု့များမှာ ငါးရောဂါဖြစ်ပါကြောင်း ကွင်းဆင်းပြီးတွေ့ဆုံစဉ်ကကြားသိရပါသည်။ ငါးမွေးမြူရေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နိုင်ရန်နှင့် ရာသီဉတုပြောင်းလဲမှု့ကို လိုက်လျှောညီထွေဆောင်ရွက်နိုင်ရန် ပြုပြင်ပြောင်း လဲ ခြင်းနှင့်အမူအကျင့်များပြောင်းလဲလုပ်ဆောင်နိုင်ရန် ငါးမြန်မာစီမံကိန်းသည် Villagelink.co မှကွင်းဆင်းဆောင် ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
တောင်သူအများစုနှစ်စဉ်ကြုံတွေ့နေရသော ငါးရောဂါတမျိုးမှာ ငါးများတွင် အနီစက်ကျသောရောဂါဖြစ် ပါသည်။ အဆိုပါအနီစက်ကျသောရောဂါသည် ရာသီတခုမှတခုသို့အကူးအပြောင်းနှင့် ပူပြင်းသောနွေရာသီတွင် ဖြစ်တတ်ပါသည်။အဆိုပါရောဂါကျရောက်ချိန်တွင် ငါးမွေးတောင်သူအများစုမှ စိုက်ပျိုးရေးဆေးဆိုင်မှပိုးသတ် ဆေးများနှင့် အခြားသောပိုးသတ်ဆေးများသုံးစွဲကြပါသည်။ ရောဂါတခြား ဆေးတခြားဖြစ်ပြီး ကုန်ကျစရိတ်များ ပြီး အကျိုးရရှိမှု့နည်းသည့်အပြင် ၊ မလိုလားအပ်သောဘေးထွက်ဆိုးကျိုးများကြောင့်ပတ်ဝန်းကျင်ကိုထိခိုက်စေ ပါသည်။
ငါးများတွင်အနီစက်ကျရောဂါသည် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး၊ငါးရောဂါအရ ကော်လစ်နာရစ် ရောဂါဟုခေါ်ပါသည်။ အဆိုပါရောဂါသည် ငါး၏ကိုဘ်ခန္ဓာတွင်ဖြစ်ပေါ်ပြီး ၊ငါး၏အတွင်းအဂါ အစိတ်အပိုင်းများ တွင်မဖြစ်ပေါ်ပါရောဂါဖြစ်စတွင် ဉီးခေါင်း၊အရေပြား၊ပါးဟက် နှင့်ဆူးတောင်များတွင် အဖြူစက်ကလေးများ ထွက်လာပြီး၊ မကြားမှီ အဖြူစက်ပတ်ပတ်လည်တွင် အနီးကွင်းများဖြစ်လာပါသည်။
ကာကွယ်ကုသနည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ဖော်မလင် 45PPM(၄၅မီလီဂရမိ/လီတာ)တွင် ငါးကိုတနာရီစိမ်ထားခြင်း
ကော့ပါးဆာလဖိတ်(ဒုတ္တာ)မှုန့်ကို (၂၅မီလီဂရမ်/လီတာ)ရေဖျော်ပြီး ၁-၂မီနစ် အထိရောဂါဖြစ်သည့်ငါး ကိုစိမ်ထားပါ
ဖော်မလင် 25PPM(၂၅မီလီဂရမ်/လီတာ)ကိုရေဖျော်ပြီး ငါးကန်တွင် တရက်ခြား တစ်ကြိမ်နှုံးဖြင့်လေး ကြိမ်ဆက်တိုက်ပြုလုပ်ရမည်
အမော်စလင်။အယ်ရီသရိုမိုက်တင်ကဲ့သို့ဆေးများကို အစာတစ်ကီလိုလျှင် (၂-၃)ဂရမ်ထည့်ကြွေးခြင်းကို (၇-၁၀)ရက်အထိပြုလုပ်ပေးပါ။
အထက်ပါအတိုင်းငါးရောဂါကိုကုသပျောက်ကင်းနိုင်ပါသည်။ သို့သော်အချို့သောငါးမွေးတောင်သူများသည် အထက်ပါနည်းစနစ်များဆောင်ရွက်ရာတွင် လက်လှမ်းမမှီနိုင်ခြင်းများရှိနိုင်ပါသည်။
ထို့ကြောင့် တောင်သူများလက်လှမ်းမှီသော ကုသနည်းကိုအောက်ပါအတိုင်းဖော်ပြအပ်ပါသည်။အနီစက် ရောဂါကျရောက်ပါက တဧကလျှင် ထုံးပိဿာ(၃၀)ကို ပက်ပေးပါ (သို့မဟုတ်) ထုံး ၁၅ပိဿာနှင့်ဆား(၁၅)ပိဿာ ကိုရောပြီး ပက်ပေးခြင်းဖြင့် ကုသနိုင်ပါသည်။ သို့သော် ထုံးနှင့်ဆားပက်ရမည့်အချိန်နှင့် နည်းစနစ်မှန်ကန်ဘို့လို ပါသည်။ထုံးကိုတညအိပ်ရေစိမ်ပြီး ၊ဖျော်ပါ၊နောက်တနေ့ ဆားရေဖျော်ပြီး မနက်ပိုင်း (၁၀)နာရီအတွင်း နေပူချိန် တွင်ကန်အနှံပက်ပေးပါရန် လိုအပ်ပါသည်။
ဦးဆန်းအောင် (ထွက်တိုး)