ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက်
- ၂ဝ၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် ၁ မှ ၅၆ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါး စိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်များကို တစ်ပါတည်း ဖော်ပြပေးလိုက်ပါတယ်။ - ၁။ ဟင်္သာတမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁) ရာခိုင်နှုန်းမှ (၂၅) ရာခိုင်နှုန်းအထိရှိပါသည်။ နိုဝင်ဘာလ ၂၈ ရက် နေ့တွင်မိုးရွာရန် ၂၅ ရာခိုင်နှုန်း ခန့်ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၁-၁၀ ရာခိုင်နှုန်း အတွင်းရှိနိုင်ပါတယ်။ - ၂။ ညောင်တုန်းမြို့နယ် - ၂ဝ၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၁၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ မိုးရွာရန် ၁၈ ရာခိုင်နှုန်းရှိနိုင်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မိုးရွာရန် ၁၀ ရာခိုင်နှုန်းရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၁-၂ ရာခိုင်နှုန်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၃.၇ °C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၂°C ရှိနိုင်ပါတယ်။ - ၃။ မအူပင်မြို့နယ် - ၂ဝ၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၁၉) ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၁၉ ထိ ရှိနိုင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မိုးရွာရန် ၁၀ ရာခိုင်နှုန်းအတွင်း ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၁-၃ မှာ ရှိနိုင်ပါတယ်ခင်ဗျ။ - ၄။ မြောင်းမြမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၁၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၁၇ ရှိနိုင်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မိုးရွာရန် ၁၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ - ၅။ ဓနုဖြူမြို့နယ် - ၂ဝ၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၁၈) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ မိုးရွာရန် ၁၀ ရာခိုင်နှုန်းရှိနိုင်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့မှာ မိုးရွာရန် ၁၈ ရာခိုင်နှုန်းရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန်ရာနှုန်း ၁-၂ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃.၇°C နှင့် အနိမ့်ဆုံးအပူချိန် ၂၂°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ၆။ ပန်းတနော်မြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁) ရာခိုင်နှုန်းမှ (၁၈) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မိုးရွာရန် ၁၀ ရှိနိုင်ပြီး နိုဝင်ဘာလ ၂၈ ရက်မှာ မိုးရွာရန် ၁၈ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၁ မှ၂) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။ - ၇။ ကျိုက်လတ်မြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မိုးရွာရန် ၁၀ ရာခိုင်နှုန်း ရှိနိုင်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိုးရွာရန် ၁၅ ရာခိုင်နှုန်းရှိပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် (၁ မှ ၄) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။ - ၈။ ဝါးခယ်မမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၅၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ နိုဝင်ဘာလ ၂၈ ရက် နေ့တွင် မိုးရွာရန် ၅၆ ရာခိုင်နှုန်း ရှိနိုင်ပြီး နိုဝင်ဘာလ ၂၇ ရက် နေ့တွင် မိုးရွာရန် ၁၀ ရာခိုင်နှုန်းရှိနိုင်ပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် ၁ မှ ၃ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ - အမြင့်ဆုံးပျမ်းမျှအပူချိန် ၃၃.၂°C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၂.၃ °C ရှိနိုင်ပါတယ်ခင်ဗျာ။ - ၉။ ကျုံပျော်မြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ နိုဝင်ဘာလ ၂၇၊ ၂၈ ရက် နေ့တွင် မိုးရွာရန် ၁၀ ရာခိုင်နှုန်းစီ ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် ၁ မှ ၂ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ - ၁ဝ။ ဇလွန်မြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၂၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ - ၁၁။ လပွတ္တာမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၁၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မိုးရွာရန် ၁၀ ရာခိုင်နှုန်းသာ ရှိနိုင်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိုးရွာရန် ၁၉ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၄ အတွင်းရှိနိုင်ပါတယ်။ - ၁၂။ ပုသိမ်မြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၁၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၃.၂°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၁.၈°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ - ၁၃။ ဖျာပုံမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအထိရှိပါတယ်။ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မိုးရွာရန် ၁၀ ရာနှုန်းဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၁၅ ရှိနိုင်ပါတယ်။ အမြင့်ဆုံးအပူချိန်မှာ ၃၃°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၂.၈°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - ၁၄။ အင်္ဂပူမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ - ၁၅။ ကြံခင်းမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ နိုဝင်ဘာလ ၂၂ ရက်နေ့များ တွင် မိုးရွာရန် ရာနှုန်း ၀ ဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့များတွင် မိုးရွာရန် ၇ ရာခိုင်နှုန်းသာ ရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၁) မှ (၅) ရာခိုင်နှုန်းအတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။ - ၁၆။ လေးမျက်နှာမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ နိုဝင်ဘာလ ၂၄၊ ၂၈ ရက်နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်း ၁၀ ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၁-၂ ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်။ - ၁၇။ ဒေးဒရဲမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ - ၁၈။ မော်လမြိုင်ကျွန်းမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၅၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၁၀ ရှိနိုင်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိုးရွာရန် ၅၆ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်ရက်များတွင် (၁-၃) ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။ - ၁၉။ ကန်ကြီးထောင့်မြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၂၅) ရာခိုင်နှုန်းအထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - ၂ဝ။ ငပုတောမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် မှ နိုဝင်ဘာလ ၂၈ ရက် နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၁၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မိုးရွာရန် ၁၀ ရာခိုင်နှုန်း ရှိနိုင်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိုးရွာရန် ၁၇ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၁ မှ ၂ ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။ - ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက် - နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာတဲ့အတွက် ငါးမွေးတောင်သူကြီးများအနေဖြင့် အောက်ပါအချက် တွေ ဆောင်ရွက်ဖို့ အထူးတိုက်တွန်းလိုပါတယ် ခင်ဗျာ- - နေ့အပူချိန်ကျဆင်းလာပြီး ငါးများ စိတ်ဖိစီးမှုများတဲ့ကာလဖြစ်တဲ့အတွက် ကန်အတွင်းရှိငါးများ၏ အခြေအနေအား နေ့စဉ်ကြည့်ရှုပေးရန်၊ - ကိုယ်ခံအားကောင်းနေစေရန် ဗိုက်တာမင်စီကို ငါးစာထဲထည့်ကျွေးပေးရန်၊ တစ်နေ့လျှင် ငါးစာ ၁ တစ်ကီလိုဂရမ်တွင် ဗိုက်တာမင်စီ ၃ဝ မီလီဂရမ်ထည့်ကျွေးပေးရန်၊ - ဆေးဘက်ဝင်အပင်နဲ့ဆေးကာကွယ်ဆေးများကို ငါးစာနှင့်အတူရောကျွေးရန် အထူးအကြံပြုလိုပါတယ် ခင်ဗျာ။ - Weather Source: CIAT 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
