cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိမိတို့ ငရုပ်စိုက်ခင်းမှာ ရွက်သေးထိုးပြီး တွန့်ကုပ်နေပါက ဘယ်လို နှိမ်နှင်းကြလဲ

. ပိုးမွှား
အပင်၏ အရွက်နုတွေ၊ အညွှန့်၊ အဖူးတွေမှာ အဓိက ကျရောက်တက်ပြီး ပင်ရည်ကို စုပ်စားတာကြောင့် ဖြစ်ပါတယ်
  • ငရုပ်မွှားပင့်ကူ - Chilli Broad Mite

    သိပ္ပံအမည် - Polyphagotarsonemus latus

    ငရုပ်မွှားပင့်ကူဖြူက ငရုပ်အပြင်၊ ခရမ်းချဉ်၊ အာလူး၊ သရက်၊ သင်္ဘာ၊ ခရမ်းသီး ၊ ထောပတ်ပင်တွေမှာလည်း ကျရောက်ပါတယ်။

    အပင်၏ အရွက်နုတွေ၊ အညွှန့်၊ အဖူးတွေမှာ အဓိက ကျရောက်တက်ပြီး ပင်ရည်ကို စုပ်စားတာကြောင့် အရွက်ပုံသဏ္ဍာန်ပျက်ခြင်း၊ ရွက်သေးထိုးပြီး အရွက်အနားသတ် အောက်ဖက်သို့ တွန့်ကုပ်ခြင်းဖြစ်တက်ပါတယ်။

    အပင်၏ အညွှန့်၊ အပွင့်ထိပ်ဖူးများတွင် စုပြုံကျရောက်ပြီး အလုံးသဖွယ် ဖြစ်နေတတ်ပါသည်။ အလယ်ရွက်ကြောမှဘေးရွက်ကြောများဆီသို့ ဖျက်ဆီးပါသည်။ အရွက်များ ခြောက်သွေ့ပြီး အသီးများကြွေကျသွားစေပါသည်။ စိုက်ခင်းတစ်ခုမှတစ်ခုသို့ ပျံ့နှံ့ကူးစက်နိုင်သည်။

    မွှားပင့်ကူအရွယ်အစားက ( ၀.၂၅မီလီမီတာ) အောက်ကို သေးလွန်းတာကြောင့် သာမန် မျက်လုံးဖြင့် မြင်ဖို့ ခက်ပါတယ်။ ငရုပ် မွှားပင့်ကူ သက်တမ်ကတော့ တစ်ပတ်ဝန်းကျင် ခန့်သာ ကြာတာကြောင့် ပွားများမှု အလွန်မြန်ပြီး သီးနှံပင် တစ်ပင်မှ တစ်ပင်သို့လေဖြင့် ပျံ့နှံ့ ကူးစက်နိုင်ပါတယ်။ ဥမှပေါက်ကာစ အကောင်ငယ်ဘဝမှာ ခြေခြောက်ချောင်းသာရှိပီး ( Nympth )အဆင့် အကောင်ကြီးဖြစ်မှ ရှစ်ချောင်းဖြစ်လာပါတယ်။ အကောင်ငယ်အဆင့်မှာ နီးစပ်ရာ အရွက်၊ အသီးများမှ သစ်ရည်ကို စုပ်စားပြီး အကောင်ကြီးမှာ အညွန့်ပိုင်းအဖူးနုများကို စုပ်ယူဖျက်ဆီးပါတယ်။ အထီးများမှာ ဝါညိုရောင်ရှိပြီး၊ အမများက စိမ်းဝါရောင်ရှိကာ အထီးထက်ပိုကြီးပါတယ်။

    မွှားပင့်ကူအတွက် သီးသန့်ထုတ်ထားသော ဆေးများကို အသုံးပြုပါ။

    ကန့်မှုန့်ကို ရေဖျော်၍လည်းကောင်း၊ တမာပိုးသတ်ဆေးကိုလည်းကောင်းအသုံးပြုနိုင်ပါသည်။

    မိုးရာသီတွင် ဆေးကို ဆပ်ပြာမှုန့်အနည်းငယ် (သို့) ကော်ရည်အနည်းငယ်ဖြင့် ရောစပ် ဖျန်းပေးပါက ဆေးတွယ်ကပ်မှုကောင်းပြီး ပို၍ ထိရောက်မှုရှိပါသည်။

    ဓါတုဆေးများအနေဖြင့် Formetanate hydrochloride ( ဖော်မယ်တီးနိတ် ဟိုက်ဒရို ကလိုရိုက်)၊ ( Abamectin) အဘာမက်တင်၊ ( Sulphur) ဆာလဖာ ပါတဲ့ဆေးကို ဆေးထုပ်ပါ အညွှန်း အတိုင်း သုံးပေးလို့ ရပါတယ်။ ဆာလဖာ သုံးခြင်းအားဖြင့် ဖားဥမှိုရောဂါ၊ မွှားပင့်ကူ ကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင်အများလိုအာဟာရဖြစ်တာကြောင့် အရွက်များစိမ်းပြီး ပိုးရောဂါခံနိုင်ပါတယ်။ ဆေးဖျန်းရင်တော့ မနက်အစောဖျန်းတာကောင်းပါတယ်။

    References - https://apps.lucidcentral.org/.../capsicum_broad_mite_049....

    Htwettoe Long Crop Guide


  • article
  • article
  • article
  • article
likes
10
comments
0
views
2764
cover
cover
cover
cover
cover