cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန်နီ စျေးများ ပြန်လည် ကျဆင်း

. ဈေးကွက်သတင်းများ
လက်ရှိ စျေးကွက်တွင် ကြက်သွန်နီ စျေး များ ပြန်လည် ကျဆင်း သွားကြောင်း ကုန်သည်များ နှင့် စားသုံးသူများထံ မှ သိရသည်။
  • ယခုလ နိုဝင်ဘာလ အစ က ပြည်ပအဝယ်လိုအား နှင့် ပြည်တွင်းဝယ်လိုအားလည်း တိုးလာ ၍ကြက်သွန်နီ စျေးမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျော် အထိ မြင့် တက်ခဲ့ ပြီး လက်ရှိ ကုန်အဝင်များ နေ ခြင်းကြောင့် စျေးကျဆင်းလာကြောင်း သိရပါသည်။

    “ တချို့ နွေ ကြက်သွန် တွေ က စျေးကွက် မှာကျန်သေး တယ်။ မိုးကြက်သွန်တွေ ကလဲ အနည်းငယ် ဝင်လာကြပြီ၊ဆိပ်ဖြူ အပါအဝင် နယ်စုံ ကကြက်သွန် တွေ တစ်ပိဿာ ကို ၂၀၀ ကနေ ၅၀၀ အထိ စျေးချ ရောင်းလာတာတွေ့ ရတယ်။ “ ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦး ကပြောသည်။

    အချို့ တောင်သူ နှင့် ကုန်သည် များ အနေဖြင့်စျေးတက်ချိန် နွေကြက်သွန် များကို အမှီရောင်းနိုင်ခဲ့သော်လည်း အချို့ ကုန်သည် များ မှာ လက်ဝယ် တွင် ကြက်သွန် အမြောက်အများ ကျန်ရှိသေးကြောင်း သိရပါသည်။

    ဘုရင့်နောင်ပွဲရုံ တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ရက်နေ့က ကြက်သွန်

    တစ်ပိဿာလျှင် ၅၀၀၀ကျော် အထိ ရှိ ခဲ့ရာမှ လက်ရှိ ဆိပ်ဖြူ နှင့် မြင်းခြံ ကြက်သွန် တစ်ပိဿာလျှင် အရွယ်အစားအရည်အသွေး ပေါ် မူတည်ပြီး ၂၀၀၀ ကျပ် မှ ၄၀၀၀ ကျပ် ဖြင့် လည်ကောင်း မုံရွာ ကြက်သွန် တစ်ပိဿာလျှင် ၁၉၀၀ကျပ် မှ ၃၈၀၀ကျပ် နှင့် ပခုက္ကူတစ်ပိဿာလျှင်၂၂၀၀မှ ၄၃၀၀ ကျပ်အထိ စျေးကျသွားကြောင်း သိရပါသည်။

    “ မြင်ခြံ က အရင် ရက်က ထပ်စျေးချရောင်းကြတယ်။ အရင်နေ့တွေ နဲ့ ယှဉ်ရင် မြင်းခြံ နဲ့ ဆိပ်ဖြူ တစ်ပိဿာကို ၁၀၀ ကနေ ၃၀၀ ကျတယ်။ပခုက္ကူက ၂၀၀ကနေ ၄၀၀လောက်ကျတယ်၊စျေးကွက်ကတော့ ပုံမှန်ပါပဲ ၊”ဟု ရန်ကုန်မြို့ရှိကုန်စိမ်း အရောင်းချ နေသည့် မတင်ဦးကပြောသည်။

    ယခင်ရက်များ က တစ်ပိဿာ ၄၀၀၀အထိ ဝယ်ရသည့် ကြက်သွန်များ အား လက်ရှိ ၂၅၀၀ခန့် ဖြင့်ရရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ စားသုံးသူတစ်ဦးကပြောသည်။

    “ အရင် ထပ် စျေး ကျသွားတယ် ။ တချို့ဆိုင်တွေက စျေးကျ နေလို့ စျေးချ ရောင်းပေမဲ့ တချို့ဆိုင်တွေ က အရင် အတက်စျေး နဲ့ ပဲ ရောင်းတယ်။ စျေးကျ နေတာ မသိသလို နေပြီး ပုံမှန်တိုင်း ရောင်းနေကြတာ။ တက်ပြီးတဲ့ စျေး ပြန်မချချင်ဘူး ။တက်ပြီး ဆို ရင်တော့ အသံမကြားလိုက်နဲ့ အကုန် လိုက်တက်တာ။“ဟု သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူ အိမ်ရှင်မ ဒေါ်ကြည် ကပြောသည်။

    ပြည်တွင်းမှာ ကြက်သွန်နီကို ပခုက္ကူ၊ ဆိတ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ တောင်သာ၊ မြစ်သားနှင့် ကျောက်ဆည်နယ်တို့မှာ စိုက်ပျိုးကြကြောင်း သိရပါသည်။

    မြန်မာနိုင်ငံကထွက် ကြက်သွန်များ ကို နယ်စပ်ကုန်သွယ်ရေး နှင့် ရေကြောင်းကုန်သွယ်ရေး တို့မှ တဆင့် ပြည်ပနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိ ကြောင်း သိရပါသည်။

    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe


  • article
likes
1
comments
0
views
1126
cover
cover
cover
cover
cover