လက်လီဈေးကွက်ထဲ သံပုရာသီးဈေးနှုန်းမြင့်မားပေမဲ့
- မန္တလေးလက်လီဈေးကွက်ထဲမှာ သံပုရာသီးတစ်လုံးကို ပျမ်းမျှငွေကျပ် ၃၀၀ ကျော်အထိရှိနေပေမဲ့ ခြံဖြတ်ဈေးနှုန်းက ၅၀ အောက်ပဲရရှိနေတယ်လို့ တောင်သူတွေကပြောပါတယ်။ - စက်သုံးဆီဈေးမြင့်မားပြီး သယ်ယူစရိတ်တွေ အဆမတန်မြင့်တက်နေမှုကြောင့် ဈေးနှုန်းကွာဟမှုကြီးမားနေတာ ဖြစ်ပါတယ်။ - “ကုန်သည်က လာမဝယ်တော့ဘူး။ ဖုန်းဆက်ပြီးလှမ်းမှာတာ။ ကားဂိတ်အထိပို့ပေးရတယ်။ ပို့ခ ကို တောင်သူကပေးရတာပေါ့။ ကိုယ်ကရောင်းချင်တော့လည်း ပို့ပေးရတာပဲလေ၊ ဘယ်တတ်နိုင်မလဲ။ ဈေးကတော့အရမ်းနည်းတယ်”လို့ ကူမဲမြို့နယ် နတ်လွှဲကျေးရွာကတောင်သူတစ်ဦးက ပြောပါတယ်။ - လက်ရှိအချိန်မှာ သံပုရာသီးအလုံးရေ ၈၀၀ ကနေ ၁၀၀၀ ကြားရှိတဲ့ တစ်အိတ်ကို ငွေကျပ် ၅၀၀၀၀ ပဲရရှိပြီး စိုက်ခင်းကနေ ကားဂိတ်အရောက်သယ်ယူပို့ဆောင်ခက တစ်အိတ်ကိုပျမ်းမျှ ၃၀၀၀ ဝန်းကျင်ရှိပြီး ခူးဆွတ်ခအနေနဲ့ ကျပ် ၄၀၀၀ အထိရှိတယ်လို့တောင်သူတွေကဆိုပါတယ်။ - အခုလိုခြံဖြတ်ဈေးနှုန်းတွေနည်းပါးပြီးအထွေထွေကုန်ကျစရိတ်တွေ မြင့်တက်နေတဲ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကရေကြီးနစ်မြုပ်မှုကြောင့် သံပုရာပင်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် တောင်သူတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။ - လင်းလင်း - Opinion Leaders Media မှကူးယူဖော်ပြပါသည်။ - --------------------- - သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
