cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးစျေးကွက်မှာ ခရမ်းချဉ်သီး ၁ လုံး ၅၀၀ ကျပ်နှုန်းထိ ပေး၀ယ်နေရ

. ဈေးကွက်သတင်းများ
တစ်ပိဿာကို ၁၀၀၀၀၊ ၁၂၀၀၀ အစားစားပဲ၊ တစ်ပိဿာမှာ အလုံးနှစ်ဆယ်ကနေအစိတ် လောက်ပါတာဆိုတော့၊ တစ်လုံးချင်းစျေးတွက်ကြည့်ရင် ငါးရာလောက်ကျတယ်၊
  • မန္တလေးစျေးကွက်အတွင်း ခရမ်းချဉ်သီးအဝင်နည်းသွားလို့ တစ်လုံးကိုငါးရာကျပ်နှုန်းနဲ့စျေးပေးဝယ်ယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    “တစ်ပိဿာကို ၁၀၀၀၀၊ ၁၂၀၀၀ အစားစားပဲ၊ တစ်ပိဿာမှာ အလုံးနှစ်ဆယ်ကနေအစိတ် လောက်ပါတာဆိုတော့၊ တစ်လုံးချင်းစျေးတွက်ကြည့်ရင် ငါးရာလောက်ကျတယ်၊ အလုံးလှရင်တစ်လုံးတစ်ထောင်လောက်တောင် ရှိတယ်” လို့ ဒီကနေ့မနက်ပိုင်းစျေးဝယ်ထွက်ခဲ့တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

    စျေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းသွားလို့၊ စျေးအဆမတန်မြင့်တက်သွားတာဖြစ်ပြီး၊ ပြီးခဲ့တဲ့စက်တင်ဘာလပေါက်စျေးနဲ့နှိုင်းယှဉ်ရင် လေးဆခန့်စျေးမြင့်တက်သွားတာလို့ သိရပါတယ်။

    “စက်တင်ဘာတစ်လလုံးအကျဘက်မှာရှိနေရာကနေ၊ အောက်တိုဘာလလယ်လောက်မှာ စျေးပြန်တက်တယ်၊ အခုက စျေးကွက်ထဲအဝင်နည်းရာကနေ စျေးတအားကောင်းနေတာ၊ စျေးကွက်ထဲမှာသာစျေးကောင်းတာ၊ သီးနှံစိုက်ဒေသတွေမှာ ဒီနှစ်အတော်လေးအရှုံးပေါ်ခဲ့တယ်” လို့ စျေးကွက်စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုပါတယ်။

    ခရမ်းချဉ်သီးစျေးက ပြီးခဲ့တဲ့စက်တင်ဘာလမှာ လက်လီစျေးတစ်ပိဿာကို ကျပ် ၂၅၀၀ ကနေ ၃၅၀၀ကျပ်အကြားစျေးရှိခဲ့ရာကနေ အခုရက်ပိုင်းမှာ ၁၀၀၀၀/၁၂၀၀၀ ကျပ်နဲ့အထက်စျေးပေါက် နေတာဖြစ်ပြီး အသီးအရွယ်အစားနဲ့အရည်အသွေးပေါ်မူတည်ပြီး စျေးနှုန်းကွာခြားမှုရှိပါတယ်။

    စျေးနှုန်းမြင့်တက်နေမှုနဲ့ပတ်သက်လို့ ပွဲရုံအသိုက်အဝန်းဆီဆက်သွယ်မေးမြန်းကြည့်ရာမှာတော့၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ဖြစ်တယ်လို့ ပွဲရုံပိုင်ရှင်တွေက ဆိုပါတယ်။

    “ခရမ်းချဉ်သီးတစ်ပိဿာရောင်းလို့ရတဲ့ငွေနဲ့ ကြက်ဥတစ်လုံးတောင်ဝယ်မရတဲ့အခြေအနေရောက်ဖူးတယ်၊ အခုကျတော့ ခရီးချဉ်သီးတစ်လုံးစျေးက ကြက်ဥတစ်လုံးစျေးထက်ကို ပိုများသွားပြီ၊ အဓိက ကလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ပါ၊ နောက်တစ်ခုက လမ်းကြေးတွေပေါ့ဗျာ” လို့ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ခရမ်းချဉ်သီးကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ အများဆုံးစိုက်ပျိုးတာဖြစ်ပြီး၊ မန္တလေးစျေးကွက်ထဲကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်တောင်ပိုင်းတို့ကနေ အများဆုံးဝင်ရောက်တာပါ။

    လင်းလင်း

    Opinion Leaders Media မှကူးယူဖော်ပြပါသည်။


  • article
likes
7
comments
1
views
871
cover
cover
cover
cover
cover