cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စားဖိုဆောင်သီးနှံ စျေးကွက်သုံးသပ်ချက်💹💹

. ဈေးကွက်သုံးသပ်ချက်
"ကြက်သွန်ဖြူ၊ အာလူး၊ ခရမ်းချဥ် စျေးကျပြီး မန်းကျည်းသီးစျေးတက် ပါတယ် ".
  • ကြက်သွန်ဖြူ

    ကြက်သွန်ဖြူက ခုတစ်ပတ်မှာ ကြူကုတ်က စျေးပြန်ကျပြီး ရှမ်းကြက်သွန်တွေက တက်ရိပ်ပြ ပါတယ်။ ကြူကုတ်က တစ်ပိဿာကို ၂၀၀၀လောက်ပြန်ကျပြီး ရှမ်းကြက်သွန်က တစ်ပိဿာကို ၅၀၀ လောက်တက်လာတာ ဖြစ်ပါတယ်။

    ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို အရင်တစ်ပတ်က  ၁၉၀၀၀ နဲ့ ၂၀၀၀၀ ကျပ်ကြားရှိရာကနေ ခုတပတ်မှာ ၁၈၀၀၀ ကျပ်ဝန်းကျင်ရှိလာတာဖြစ် ပါတယ်။

    ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၁၂၅၀၀၊ ထူး၃က ၁၄၀၀၀၊ ထူး ၄က ၁၅၀၀၀၊ ထူး၅က ၁၆၀၀၀ ကျပ်ရှိပါတယ်။

    ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာတော့ စျေးငြိမ်နေပါတယ်။ အောင်ပန်း ထူး၂ တစ်ပိဿာကို ၁၂၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊ အောင်ပန်းထူး ၄က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၂၁၀၀၀ ကျပ်ရှိပါတယ်။ 

    ခရမ်းချဥ်

    ခရမ်းချဥ်သီးကတော့ နယ်အစုံကနေ ခူးဆွတ်နေပြီး စျေးကွက်ထဲ ဝင်ရောက်နေပြီဖြစ်လို့  စျေးတန်းကျလာနေ ပါတယ်။

     ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာဆိုရင် ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၃၅၀၀  ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးက တစ်ပိဿာကို ၃၀၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးတစ်ပိဿာ ၂၇၀၀ ကျပ်အထိ သာရှိပါတယ်။ တစ်ပိဿာကို ၄၀၀၀ ကျပ် လောက်အထိစျေးတွေကျသွားတာ ဖြစ်ပါတယ်။

    အာလူး

    အာလူးက ခုတစ်ပတ် ဘုရင့်နောင်မှာ စျေးတန်းကျဆင်းသွားပါတယ်။ တရုတ်အာလူးက ပစ္စည်းအဝင်နည်းပေမယ့်လည်း ရှမ်းအာလူးတွေ အဝင်ရှိနေတာကြောင့် စျေးတန်းကျလာတာဖြစ်ပါတယ်။ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာလည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ပိတ်နေလို့ အာလူးစျေးကျနေပါတယ်။

     ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၉၂၀၀ ကျပ်ရှိနေရာက ခုတစ်ပတ်မှာတော့ ၇၃၀၀ ကျပ်သာရှိတော့လို့ တစ်ပိဿာကို ၁၉၀၀ လောက်ပြန်ကျလာတာဖြစ်ပါတယ်။

     အောင်ပန်းစျေးကွက်မှာ​တော့ မျက်နီ S1/ OK က ၆၀၀၀ ကျပ်၊၊မျက်နီ OK က ၅၅၀၀ ကျပ်၊ မျက်နီ A1 က ၄၅၀၀ ကျပ်၊ A1ဆွဲမျက်နီက ၃၅၀၀ ကျပ် ရှိလာပြီး လုပ်ငန်းသုံး အကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၆၅၀၀ မှ ၇၀၀၀ ကျပ်စျေးပေါက်နေပါတယ်။ တစ်ပိဿာကို ၁၀၀၀မှ ၂၀၀၀ကျပ်နီးပါးအထိ ပြန်ကျလာနေတာဖြစ်ပါတယ်။

    မန်းကျည်းသီး

    ခုနှစ် ပြည်တွင်း မန်းကျည်းသီး စျေးကွက်မှာ မန်ကျည်းသီးမှည့် ဝင်ရောက်မှု နည်းပြီး ဝယ်လိုအားကောင်းတာကြောင့် မန်ကျည်းသီးစျေးနူန်းက ဆက်တိုက်မြင့်တက်လာနေပါတယ်။

    လက်ရှိရန်ကုန် ဘုရင်နောင်စျေးကွက်မှာ မန်ကျည်းသီး (ပွင့်ကပ်) အစေ့ပါ တစ်ပိဿာကို ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ်ရှိပြီး  အစေ့ထုတ်ပြီး မန်ကျည်းသီး အသား တစ်ပိဿာကိုတော့ ၉၅၀၀ မှ ၁၃၀၀၀ ကျပ်အတွင်း စျေးတန်းရှိလာတယ်လို့သိရပါတယ်။

    AMIA 


  • article
likes
9
comments
0
views
1830
cover
cover
cover
cover
cover