တရုတ်ကို ဖရဲသီးတင်ပို့မှု အနည်းငယ်ရှိသော်လည်း ဈေးကောင်းမရသေးဟုဆို
- မြန်မာနိုင်ငံမှထွက်ရှိသည့် ဖရဲသီးများသို့ တရုတ်နိုင်ငံသို့ နယ်စပ်မှတဆင့် တင်ပို့မှုအနည်းငယ်ရှိသော်လည်း ဈေးကောင်းမရသေးကြောင်း နယ်စပ်ကုန်သည်များထံမှ သိရပါတယ်။ - ပြည်တွင်းမှာထွက်ရှိတဲ့ ဆောင်းဖရဲသီးများကို ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ တရုတ်ဘက်သို့ ကုန်ကားတစ်စီး၊ နှစ်စီး စတင်တင်ပို့နေရာ ဖရဲတစ်တန်လျှင် ယွမ်ငွေ ၂၅၀၀ ဝန်းကျင်သာ ဈေးရရှိနေသေးတယ်လို့ ဆိုပါတယ်။ - ထိုကဲ့သို့ တရုတ်ဘက်သို့ တင်ပို့ရာတွင် ကားတစ်စီးစာရရှိသည့် ဈေးနှုန်းမှာ စိုက်ခင်းအတွက် ကုန်ကျငွေ ၊ တင်ပို့မှုကုန်ကျစရိတ်များနှင့် နှိုင်းယှဉ်ပါက တောင်သူတွေအတွက် အဆင်မပြေသေးဘူးလို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။ - ထို့ကြောင့် လက်ရှိတွင် နယ်စပ်ဒေသများမှစိုက်ပျိုးသည့် ရှမ်းဖရဲသီးများသာ တရုတ်ဘက်သို့ တင်ပို့နေခြင်းဖြစ်ပြီး ပြည်မထဲမှာစိုက်ပျိုးထွက်ရှိတဲ့ ဖရဲသီးများကိုတင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ - လတ်တလော ဖရဲသီးတင်ပို့ရာတွင် တရုတ်နယ်စပ်ဂိတ် မိုင်းလား- တာလော့မှတစ်ဆင့် တင်ပို့နေခြင်းဖြစ်ပြီး ကားတစ်စီးစာ စိုက်ခင်းကုန်ကျငွေကျပ် သိန်း ၁၀၀ အပါအဝင် တင်ပို့မှုအထွေ ထွေစရိတ်များမှာ ငွေကျပ်စုစုပေါင်း သိန်း ၂၆၀ ခန့် ကုန်ကျနေကြောင်း သိရပါတယ်။ - တရုတ်ဘက်သို့ လက်ရှိ ဖရဲသီးတင်ပို့နေသည့် မိုင်းလား-တာလော့နယ်စပ်ဂိတ်မှာလမ်းခရီးကြာမြင့်ခြင်းကြောင့် အသီးအရည်အသွေးကျဆင်းနိုင်သဖြင့် တင်ပို့သည့်တောင်သူများအတွက် တွက်ခြေကိုက်သည့်ပေါက်ဈေးမဟုတ်၍ တင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ - ထို့အတူ ပြည်မအတွင်းရှိ ဖရဲစိုက်ပျိုးသူများအနေဖြင့် ကုန်ကျစရိတ်ပိုများနိုင်ပြီး ဆုံးရှုံးမှုလည်းပိုများနိုင်ခြင်းကြောင့် တရုတ်ဈေးကွက်ထက် ပြည်တွင်းဈေးကွက်ကိုသာ အားထားနေရ ကြောင်း ဖရဲစိုက်တောင်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ - အောင်အောင် - Opinion Leaders မှ ကူးယူဖော်ပြပါသည်။ - --------------- - သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ - ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
