သီးနှံဈေးကွက် သုံးသပ်ချက်
- မတ်ပဲ - မတ်ပဲ ကတော့ ဒီတစ်ပတ်မှာလည်း အကျစျေးတန်းမှာပဲရှိ ပါတယ်။ - အိန္ဒိယနိုင်ငံမှာ မတ်ပဲအသစ်ပေါ်ပြီးစျေးကွက်ထဲဝင်ရောက်နေလို့ စျေးအေးနေသလို ပြည်တွင်း မှာလည်းမတ်ပဲအသစ်တွေပေါ်လို့ စျေးတန်းအေးနေတာဖြစ်ပါတယ်။ - ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃၄၇၅၀၀၀ ကျပ် ရှိပါတယ်။အရငအပတ်က ဖြစ်ပေါ်ခဲ့တဲ့ စျေးတန်းဝန်းကျင်သာဖြစ်ပါတယ်။ - မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို အဟောင်းက ၃၃၀၀၀၀ မှ ၃၄၀၀၀၀ ကျပ်ရှိပြီး မတ်ပဲအသစ်က ၃၀၅၀၀၀ မှ ၃၂၀၀၀၀ ကျပ်ရှိ ပါတယ်။ - ပဲစဥ်းငုံနီ - ပဲစဥ်းငုံနီကတော့ အရင်အပတ်က တက်ရိပ်ပြခဲ့ပေမယ့် ဒီတစ်ပတ်မှာ တစ်တန်ကို ၁၅၀၀၀၀ လောက်စျေးပြန်ကျဆင်းပါတယ်။ - ပဲစဥ်းငုံနီတွေက ပြည်တွင်းမှာလည်းမိုးပဲအသစ်တွေပေါ်နေတဲ့အပြင်အိန္ဒိယကလည်းအဝယ်အေးနေလို့စျေးတန်းအေးနေတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၅၃၇၀၀၀ ကျပ်သာရှိပါတယ်။ - မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။ - ပြောင်း - အရင်အပတ်ကစျေးထပ်တက်လာတဲ့ပြောင်းက ဒီတစ်ပတ်မှာတော့ စျေးကျဆင်းပါတယ်။ - စျေးကျပြီး ဈေးအေးပေမယ့် အရောင်း အဝယ် အနေနဲ့ ပြည်တွင်းအစာစပ်စက်ရုံတွေကလည်းပုံမှန်အဝယ်ရှိနေသလို ပြည်ပတင်ပို့မယ့်ဝယ်လက်ကုမ္ပဏီတွေကလည်းအဝယ်ရှိနေပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၅၀ မှ ၁၆၇၀ ကျပ်ရှိ ပါတယ်။ အရင်အပတ် ကထက်တစ်ပိဿာကို၁၀ကျပ်ေဈးကျပါတယ်။ - မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၄၀၀၀ မှ ၈၅၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၆၀၀၀ မှ ၈၇၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်ကထက် ၂၀၀၀ ကျပ်ကျလာပါတယ်။ - ပဲတီစိမ်း - ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း စျေးတွေထပ်မံမြင့်တက်လာပါတယ်။ - ခရမ်းရွှေဝါနဲ့ပဲခူးရွှေဝါက ဆောင်းရာသီစိုက်ပျိုးမှုစတင်ချိန်ဖြစ်လို့မျိုးဝယ်ယူသူတွေရှိတာကြောင့်စျေးတက်ပြီး မိုးပဲတီစိမ်းအညာနဲ့ ဝါးခယ်မပဲအသစ်တွေကတော့စျေးကွက်ထဲဝင်ရောက်နေပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၅၀၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၂၁၅ ကျပ်၊ ပဲတီစိမ်းအညာကတစ်ပိဿာ ကို ၄၉၁၅ မှ ၄၉၃၅ ကျပ်ကြားရှိပြီးအရင်အပတ်ကထက် တစ်ပိဿာကို ၈၅ ကျပ်မှ ၁၆၅ ကျပ် ထပ်တက်လာပါတယ်။ဝါးခယ်မ FAQ က ၄၅၈၀ မှ ၄၆၀၀ ကျပ်နဲ့စျေးငြိမ်ပါတယ်။ - မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး ၃၁၅၀၀၀ ကျပ်ရှိနေပါတယ်။ အရင်တပတ်ကထက် ၅၀၀၀ ကျပ်တက်လာပါတယ်။ - ပဲကြီး - ပဲကြီးက ဒီတစ်ပတ်မှာလည်း အရင်အပတ်အတိုင်းစျေးတန်းငြိမ်နေပါတယ်။ - ပဲကြီးက ပြည်တွင်းစားသုံးမှု အဓိကပဲ ဖြစ်တာကြောင့် စျေးအတက်အကျကပြည်တွင်းစားသုံးမှု၊ဝယ်လိုအားနဲ့လက်ကျန်ပဲအပေါ်လိုက်ပြီးစျေးပြောင်းလဲမှုရှိပါတယ်။ - လက်ရှိမှာပဲကြီးကို လုပ်ငန်းသုံးသမား၊လက်လီသမားတွေအဝယ်ပုံမှန်ရှိနေတာကြောင့်အတက်စျေးမှာပဲငြိမ်နေတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၃၄၅ ကျပ်မှ ၄၇၀၀ ကျပ်၊ ပဲကြီး (ရွှေကျွန်း)တစ်ပိဿာကို ၄၉၅၅ မှ ၅၁၅၅ ကျပ် ရှိပါတယ်။ - မန္တလေးစျေးကွက်မှာ ပဲကြီး (ကြီး ) က ၅၅.၂၅ ပိဿာကို ၂၈၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်၊ပဲကြီး (လတ်) ၂၅၀၀၀၀ မှ ၂၆၀၀၀၀ ကျပ်၊ပဲကြီး (သေး)က ၂၄၅၀၀၀ မှ ၂၅၀၀၀၀ ကျပ်စျေးရှိတယ်လို့သိရပါတယ်။ - AMIA 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
