“ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံထူးသူများ (၁,၂)”
- စိုက်ပျိုးရေးနှင့် ငါးမွေးတောင်သူကြီးများ နေ့စဥ် မဖြစ်မနေကြုံတွေ့နေရသော ရာသီဥတု ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းများကြောင့် ဖြစ်ပွားနိုင်သော၊ ဖြစ်ပွားတတ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ခုခံနိုင်စွမ်းအားပိုမို ရရှိနိုင်ရန် ရည်ရွယ်ပြီး ထွက်တိုး နှင့် အခြားမိတ်ဖတ် အဖွဲ့ အစည်းများ မှ တောင်သူများနားလည်လွယ် အောင် ဗီဒီယိုအဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။ - (၁) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ - - ရာသီဥတုပြောင်းလဲခြင်းကြောင့် ငါးများတွင် ရောဂါများ ဖြစ်ပေါ်စေနိုင်ပါသဖြင့် ငါးများ၏ကျန်းမာရေးကို အထူးဂရုပြုသင့်ပါသည်။အထူးသဖြင့် ရုတ်တရက် အပူချိန်လွန်ကဲခြင်း သို့မဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်းကဲ့သို့သောရာသီဥတုပြောင်းလဲမှုများသည် ငါးရောဂါများဖြစ်ပွားနိုင်သည့် အခြေအနေများကို ဖြစ်ပေါ်စေနိုင်ပါသည်။ - ထို့ကြောင့် အဖြေမှန်မှာ (က) မှန် ဖြစ်သည်။ - (၂) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ - - အေးသောရာသီဥတုအခြေအနေတွင် ငါးများ၏ ဇီဝကမ္မဖြစ်စဉ်နှေးကွေးကာ ငါးများအစာစားနှုန်းကျဆင်းနိုင်ပါသည်။ထို့ကြောင့် အဆိုပါကာလများတွင် ငါးစာများ အလေအလွင့်မဖြစ်စေရန် အစာပမာဏကို ၂၀ %မှ ၅၀ % အထိ လျော့ပြီး ကျွေးသည့် အကြိမ်အရေကိုလည်း လျော့ချသင့်ပါသည်။ - ထို့ကြောင့် အဖြေမှန်မှာ (၂) လျော့ချသင့် ဖြစ်သည်။ - ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။ - ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့ - ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။ - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။ 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
