ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး/မွေးမြူရေးနှင့် ရာသီဥတုဆိုင်ရာ အကြံပြုချက်
- ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့ - ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် - မိုးညိုမြို့နယ် - မိုးညိုမြို့နယ်မှာ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၀ အထိ ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၂၀ ရှိနိုင်ပြီး ဒီဇင်ဘာလ ၂၈၊ ၂၉ ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၁၂-၁၄ အတွင်း ရှိနိုင်ပါတယ်။ ကျန်သောရက်များမှာ မိုးရွာရန် ရာခိုင်နှုန်း ၀-၅ ထိ ရှိနိုင်ပါတယ်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၆.၆°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၆.၇°C ရှိနိုင်ပါတယ်ခင်ဗျာ။ - လက်ပံတန်းမြို့နယ် - လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်းရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်းရှိပြီး ဒီဇင်ဘာလ ၂၅၊ ၂၆ ရက်နေ့တွင် မိုးရွာရန် ၁၂-၁၃ ရာခိုင်နှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၀-၈ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၇.၆°C အမြင့်ဆုံးအပူချိန် ၃၄.၄°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - သာယာဝတီမြို့နယ် - သာယာဝတီမြို့နယ်မှာ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်းရှိနိုင်ပြီး ဒီဇင်ဘာလ ၃၀၂၈၊ ၂၉ ရက်တွင် မိုးရွာရန် ၁၂- ၁၃ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၈ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၂၂.၂°C မှ အမြင့်ဆုံးအပူချိန် ၃၂.၂°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများထံသို့…. - စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာအကြံပြုချက် - ပဲပင်အရွက်များတွင် အဖုအခုံးများဖြစ်ပြီး ထွတ်နေသည်ကိုတွေ့ရပါက စုပ်စားပိုးတစ်မျိုးမျိုး ကျရောက်သည်ကို သတိပြုသင့်ပါတယ်။
- သရစ်(လှေး)ပိုးကျရောက်ပါက ထိုလက္ခဏာကို အဓိကတွေ့ရတတ်ပါတယ်။
- ထိုအချိန်တွင် နိုက်ထရိုဂျင်(N) ရွက်ဖျန်းအားဆေး အလွန်အကျွံဖျန်းခြင်းကို ဆင်ခြင်ပါ။
- နိုက်ထရိုဂျင်ရွက်ဖျန်းအစား အပင်၏ခုခံစွမ်းအားကိုပြန်လည်မြှင့်တင်ပေးနိုင်သော ပိုတက်စီယမ် (K) အဓိကပါဝင်သောရွက်ဖျန်းမျိုးကိုအသုံးပြုပါ။
- သရစ်ပိုးအတွက် ဓာတုပိုးသတ်ဆေးကို ပထမအကြိမ်တွင် Acetamiprid+ Cyrantraniliprole (မနက်ခင်းပိုင်းတွင်ဖျန်းရန်)
- ဒုတိယအကြိမ်တွင် Spinosad (သို့မဟုတ်) Triazophos (မနက်/ညနေ ဖျန်းနိုင်)
- တတိယအကြိမ်လိုအပ်ပါက Dinotefuran (သို့မဟုတ်) Flupuradifurone (ညနေပိုင်းအစောပိုင်း ၃ နာရီခန့်)တွင် ဖျန်းပေးနိုင်ပါတယ်။
- စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကိုရှင်းပေးဖို့လည်း မမေ့ပါနဲ့။
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ငါး/ပုစွန်မွေးတောင်သူကြီးတွေကို ဒီတစ်ပတ်မှာ အောက်ပါအချက်လေး ဆောင်ရွက်ဖို့ အထူးအကြံပေး လိုပါတယ်-
- ရာသီဥတုအေးလာပြီဖြစ်၍ အစာပမာဏကို သတ်မှတ်နှုန်းတားအောက်လျော့ကျွေးရန်၊
- မနက်စောစော (နံနက် 9:00 နာရီမတိုင်မီ)နဲ့ ညနေ 4:00 နာရီနောက်ပိုင်းတွင် အစာကျွေးခြင်းကို ရှောင်ရှား ရန်၊
- မနက် 9:00 နာရီနဲ့ ညနေ 4:00 နာရီအတွင်း အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊
 - Weather Source: CIAT - ------------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
