“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် "( ၂၃ . ၁၂ . ၂၀၂၄ မှ ၂၇. ၁၂ . ၂၀၂၄ )
- ပြောင်း - အရင်အပတ်ကစျေးအေးခဲ့တဲ့ ပြောင်းကတော့ ဒီတစ်ပတ်မှာ အနည်းငယ်တက်ရိပ်ပြ ပါတယ်။ - ပြောင်းကို အိန္ဒိယကဝယ်လိုအားများတဲ့အပြင်တခြားပြည်ပနိုင်ငံတွေကလည်းဝယ်လိုအားကောင်းနေတာကြောင့် ပြောင်းစျေးကတက်လာတာဖြစ်ပါတယ်။ ပြည်တွင်းအစာစပ်စက်ရုံတွေကလည်းပုံမှန်အဝယ်ရှိနေနေပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၆၀ မှ ၁၆၈၀ ကျပ်ရှိ ပါတယ်။ အရင်အပတ် ကထက်တစ်ပိဿာကို ၁၀ ကျပ်တက်ပါတယ်။ - မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာတော့ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၃၀၀၀ မှ ၈၄၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၅၀၀၀ မှ ၈၆၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်ကထက် ၁၀၀၀ ကျပ်ထပ်ကျလာပါတယ်။ - ပဲတီစိမ်း - ပဲတီစိမ်းကတော့ ဒီတစ်ပတ် စျေးတွေထပ်မံမြင့်တက်လာပါတယ်။ - ခရမ်းရွှေဝါနဲ့ပဲခူးရွှေဝါက ဆောင်းရာ သီစိုက်ပျိုးမှုစတင်ချိန်ဖြစ်ပြီး ပဲလက်ကျန်မရှိတဲ့အပြင်ပဲအသစ်တွေလည်းမပေါ်သေးတာကြောင့် စျေးထပ်တက်လာပါတယ်။ - မိုးပဲတီစိမ်းအညာကတော့ စျေးတန်းငြိမ်နေပြီး ဝါးခယ်မပဲအသစ်တွေကတော့စျေး တက်လာပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၅၈၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၂၅၀ ကျပ်၊ ဝါးခယ်မ FAQ က ၄၆၆၅ မှ ၄၆၈၅ ကျပ်ကြားရှိပြီးအရင်အပတ်ကထက် တစ်ပိဿာကို ၃၅ ကျပ်မှ ၈၅ ကျပ် ထပ်တက်လာပါတယ်။ပဲတီစိမ်းအညာကတော့ တစ်ပိဿာ ကို ၄၉၁၅ မှ ၄၉၃၅ ကျပ်နဲ့ငြိမ်နေ ပါတယ်။ - မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး ၃၀၅၀၀၀ ကျပ်ရှိနေပါတယ်။ - မတ်ပဲ - မတ်ပဲ ကတော့ ဒီတစ်ပတ်မှာလည်း စျေးတန်းထပ်ကျသွားပြီး တစ်တန်ကို ၃၃ သိန်းကျော်သာရှိပါတော့တယ်။ - အိန္ဒိယနိုင်ငံမှာ မိုးမတ်ပဲအသစ်ပေါ်ပြီးစျေးကွက်ထဲဝင်ရောက်မှုရှိနေတာကြောင့် ကုန်သည်တွေက စျေးချဝယ်ယူနေတဲ့အတွက် စျေးတန်းကျဆင်းနေတာဖြစ်ပါတယ်။ - မြန်မာမှာလည်းမတ်ပဲအသစ်တွေပေါ်နေသလို အိန္ဒိယက အဝယ်အေးတာကြောင့် စျေးတန်းဆက်တိုက်ကျလာပါတယ်။ - ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃၃၂၀၀၀၀ ကျပ် ရှိပါတယ်။အရင်တပတ်ထက် ၁ သိန်းကျော် စျေးတန်းထပ်ကျသွားပါတယ်။ - မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၈၀၀၀၀ မှ ၂၉၇၀၀၀ ကျပ်ရှိလို့ ၃၀၀၀၀ ကျပ်လောက်စျေးကျလာ ပါတယ်။ - ပဲစဥ်းငုံ - ပဲစဥ်းငုံကလည်း တစ်တန်ကို ၁၆၀၀၀၀ ကျော်စျေးထပ်ကျလာပါတယ်။ - ပြည်တွင်းမှာမိုးပဲအသစ်တွေပေါ်နေတဲ့အပြင်အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစဥ်းငုံ စျေးတန်းအေးနေတာဖြစ်ပါတယ်။ဆောင်းပဲလက်ကျန်အဟောင်းကတော့ မရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၃၇၅၀၀၀ ကျပ်သာရှိပါတယ်။ - မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ် - (AMIA) - ✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
