စားဖိုဆောင်သီးနှံ စျေးကွက်သုံးသပ်ချက် (၃၀ .၁၂.၂၀၂၄ မှ ၃.၁.၂၀၂၅)
- ကြက်သွန်ဖြူ - ကြက်သွန်ဖြူကတော့ ဒီတစ်ပတ်မှာ တရုတ်ကြူကုတ်ရော ရှမ်းကြက်သွန်ဖြူတွေပါ စျေးကျလာပါတယ်။ - ကြူကုတ်တွေ အဝင်ရှိနေသလို ရှမ်းကြက်သွန်ဖြူတွေလည်းအဝင်ရှိနေတာကြောင့်စျေးတန်းပြန်ကျဆင်းလာတာဖြစ်တယ်လို့သိရပါတယ်။ - ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို ဒီတစ်ပတ်မှာ ၁၅၈၀၀ ကျပ်ရှိပါတယ်။ ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၁၁၅၀၀၊ ထူး၃ က ၁၃၀၀၀၊ ထူး၄က ၁၄၀၀၀ ၊ထူး၅က ၁၅၀၀၀ ကျပ်ရှိပါတယ်။ - ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာတော့ အောင်ပန်း ထူး၂ တစ်ပိဿာကို ၁၂၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၁၈၀၀၀ ကျပ်ရှိပါတယ်။ - အာလူး - အာလူးကလည်း ဒီတစ်ပတ်မှာ စျေးတန်းကျဆင်းလာပါတယ်။ - တရုတ်အာလူးက ပစ္စည်းအဝင်ပြန်ရှိလာပြီး ရှမ်းအာလူးတွေလည်းအဝင်ရှိနေတာကြောင့်စျေးတန်းကျလာတာဖြစ်တယ်လို့ သိရပါတယ်။ - ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၅၀၀၀ မှ ၅၅၀၀ ကျပ်သာစျေးတန်းရှိပါတယ်။ - အောင်ပန်းစျေးကွက်မှာတော့ မျက်နီ S1/ OK က ၆၀၀၀ ကျပ်၊ မျက်နီ OK က ၅၅၀၀ ကျပ်၊ မျက်နီ A1 က ၄၅၀၀ ကျပ်၊ A1ဆွဲမျက်နီက ၃၅၀၀ ကျပ် ရှိလာပြီးလုပ်ငန်းသုံးအကြော်သီးတွေ ဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ပစ္စည်းပြတ်နေတယ် လို့ သိရပါတယ်။ - မန်ကျည်းသီး - မန်ကျည်းသီးမှည့်ကတော့ အရင်အပတ်ကဖြစ်ပေါ်ခဲ့တဲ့ အတက်စျေးတန်းမှာပဲ ဈေးငြိမ်နေပါတယ်။ စျေးကွက်ထဲကို မန်ကျည်းသီးမှည့် ဝင်ရောက်မှု နည်းပြီးဝယ်လိုအားကောင်းတာကြောင့် မန်ကျည်းသီးစျေးနှုန်းက ဆက်တိုက်မြင့်တက်လာပြီး အမြင့်စျေးတန်းမှာပဲ ရှိနေတာဖြစ်ပါတယ်။ - ရန်ကုန် ဘုရင်နောင်စျေးကွက်မှာ မန်ကျည်းသီး (ပွင့်ကပ်)အစေ့ပါ တစ်ပိဿာကို ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ်ရှိပြီး အစေ့ထုတ်ပြီး မန်ကျည်းသီးအသား တစ်ပိဿာကိုတော့ ၉၅၀၀ မှ ၁၃၀၀၀ ကျပ်ရှိပါတယ်။ - သကြား - သကြားကတော့ ပြည်တွင်းစျေးကွက်မှာ အရင်ကဖြစ်ပေါ်ခဲ့တဲ့ အတက်စျေးမှာပဲရှိနေပါတယ်။ - ကြံကြိတ်ခွဲရာမှာကုန်ကျစရိတ်တွေမြင့်တက်လာတာကြောင့် သကြားစက်ရုံတွေကသကြားကို စျေးနှုန်း မြင့်ရောင်းချခြင်း လက်ကျန်သကြားနည်းခြင်းကြောင့်သကြားစျေးက အတက်စျေးမှာပဲရှိနေတာဖြစ်တယ်လို့သိရပါတယ်။ - ဘုရင့်နောင်ကုန်စည်ဒိုင်မှာ သကြားတစ်ပိသာကို ၄၈၀၀ မှ ၅၁၀၀ ကျပ်စျေးတန်းရှိနေပါတယ်။လက်ကားစျေးကွက်မှာတော့ တစ်ပိဿာကို ၈၀၀၀ ကျပ်အထိရှိနေပါတယ်။ - ခရမ်းချဥ်သီး - ခရမ်းချဥ်သီးကတော့ နယ်အစုံကနေ ခူးဆွတ်နေပြီးစျေးကွက်ထဲ ဝင်ရောက်နေပြီဖြစ်လို့ စျေးထပ်မတက်ဘဲ အကျစျေးတန်းမှာပဲငြိမ် နေပါတယ်။ ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာဆိုရင် ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၃၅၀၀ ကျပ်၊ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၃၀၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးတစ်ပိဿာ ၂၅၀၀ ကျပ်အထိ သာရှိပါတယ်။ - ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့ ခရမ်းချဥ် တစ်ပိဿာကို ၄၀၀၀ ကျပ်ရှိပါတယ်။ - (AMIA) 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
