နှမ်းစျေးများ ပြန်လည်မြင့်တက်လာ
- ၂၀၂၅ခုနှစ်ဆန်းပိုင်း နှမ်းစျေးများ ပြန်လည်မြင့် တက်လာကြောင်း ကုန်စည်ဒိုင်များထံမှ သိရပါသည်။ - တရုတ်နှစ်သစ်ကူး မတိုင်မီ နှမ်းဝယ်လိုအားကောင်း နေသည့်အတွက် ဈေးကောင်းရနေကြောင်းလည်း ကုန်သည်တချို့က သုံးထားသည်။ လက်ရှိ နှစ်စပိုင်း နှမ်းစျေးမှာ အတက်စျေးဖြင့် ငြိမ်နေပြီး ပြီးခဲ့သည့် ၂၀၂၄ခုနှစ်ဖြင့် ယှဉ်ပါက စျေးတက်လာကြောင်း သိရပါသည်။ - “တရုတ်အဝယ်လိုက်လာလို့ စျေးတက်တယ်ပြောရမယ်။ exportစျေးလို ပြည်တွင်းလည်း တက်တယ်။ အဓိက နှမ်းနက်စျေး ပိုတက်တယ်။ တရုတ်နှစ်သစ်ကူးနီးရင် နှမ်းစျေး တက်လေ့ရှိတယ်။ အခုနှစ်စမှာ နှမ်းစျေးက ပြန်တက်လာတယ်။”ဟု အောင်လံ မြို့မှ နှမ်းကုန်သည် ဦးတင်မိုးက ပြောသည်။ မန္တလေး ကုန်စည်ဒိုင်တွင် နှမ်းနက် AV မလွတ် ၄၅ပိဿာဝင် တစ်အိတ်လျှင် ၆၅၀၀၀၀ ကျပ်မှ ၆၄၀၀၀၀ ကျပ်၊ Av1 ၄၅ပိဿာဝင် တစ်အိတ်လျှင် ၆၈၀၀၀၀ကျပ်မှ ၆၈၅၀၀၀ ကျပ်၊ AV2 ၄၅ပိဿာဝင် တစ်အိတ်လျှင် ၆၇၀၀၀၀ကျပ် မှ ၆၇၅၀၀၀ နှင့် AV 3 ၄၅ပိဿာဝင် တစ်အိတ်လျှင် ၆၆၅၀၀၀မှ ၆၇၀၀၀၀ ကျပ်အထိ ပေါက်စျေးရှိပြီး နှမ်းဖြူ ရိုးရိုး ၄၅ ပိဿာလျှင် ၃၃၀၀၀၀မှ ၃၄၀၀၀၀ ကျပ် ကြောင်း သိရသည်။ - ပြီးခဲ့သည့် ၂၀၂၄ခုနှစ် အောက်တို့ဘာလဖြင့် ယှဉ်ပါက ၄၅ပိဿာ တစ်အိတ်လျှင် ၂၅၀၀၀ မှ ၄၀၀၀၀ အထိ မြင့်တက်လာပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာလဖြင့် ယှဉ်ပါက တစ်အိတ်လျှင် ၁၅၀၀၀ မှ ၂၀၀၀၀ ခန့်ထိ မြင့်တက်လာကြောင်း စျေးကွက်မှ သိရပါသည်။ - ထို့အပြင် အောင်လံကုန်စည်ဒိုင်တွင် နှမ်းနက် (A1 ) (A2) ၄၅ပိဿာဝင် တစ်အိတ် လျှင် ၆၆၀၀၀၀ကျပ်၊ (A3) ၆၄၀၀၀၀ကျပ် ၊ မလွတ် ၄၅ပိဿာဝင် တစ်အိတ် လျှင် ၆၂၅၀၀၀ မှ၆၃၅၀၀၀ ကျပ် ဖြင့် ရောင်းဝယ် ဖြစ်နေပြီး နှမ်း ဖြူ မှာ စျေး နှုန်း မှာ ၃၄၀၀၀၀ မှ ၃၅၀၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရသည်။ - လက်ရှိ စျေးကွက်တွင် ပြည်ပတင်ပို့ရန် အရေးအသွေးမှီသည့် နှမ်းများ အရောင်းဝယ် ဖြစ်နေကြောင်း သိရပြီး အရည်သွေးမမှီသည် နှစ်မှာ စျေးမရကြောင်းလည်း သိရပါသည်။ - နောက်ပိုင်းတွင်လည်း တရုတ်က လိုအပ်ချက်များနေပြီး တခြားနိုင်ငံများတွင်လည်း နှမ်းအဝင် နည်းသောကြောင့် နှုန်းစျေးကွက် မအေးနိုင်ကြောင်း exporters များက သုံးသပ်ပြောဆိုထားသည်။ - “ဘုရင့်နောင် ကုန်စည်ဒိုင် FOBစျေး နှုန်းကတော့ နှမ်းနက် ကို ၂၃၃၀ ကနေ ၂၃၄၀ ဒေါ်လာ၊ နှမ်းဖြူက ၁၃၈၀ ကနေ ၁၃၉၀ ဒေါ်လာ ရှိတယ်။ ပြီးခဲ့သည့် နှစ်နဲ့ ယှဉ်ရင် FOBစျေးလဲ တက်လာတယ်။” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ နှမ်းကုန်သည်တစ်ဦးက ပြောသည်။ - ပြည်တွင်းတွင်းပုံမှန် နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ၆သိန်းမှ ၈သိန်း ထိ ထွက်လေ့ ရှိကြောင်း သိရပါသည်။ မြန်မာ့နှမ်းကို တရုတ်၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ ကို လည်း တင်ပို့ လေ့ရှိပြီး တရုတ်နိုင်ငံ တခုတည်းသာအာထား တင်ပို့နေရကြောင်း သိရသည်။ ပြည်တွင်း နှမ်းအား ဖေဖော်ဝါရီနှင့် မတ်လအတွင်း စိုက်ပျိုးရသည့် မိုးကြိုစိုက်နှမ်း၊ မေလနှင့် ဇွန်လအတွင်း စိုက်ပျိုးရသည့် မိုးနှမ်းနှင့် စက်တင်ဘာလဆန်းပိုင်းတွင် စိုက်ပျိုးရသည့် မိုးနှောင်းနှမ်းဟူ၍ စိုက်ပျိုးကြသည်။ - ဖိုးချဲ(AMIA) - ------- - နေရာဒေသနှင့် အချိန်ကိုမူတည်ပြီး စျေးနှုန်း အနည်းအများကွာခြားနိုင်ပါတယ်။ အခြားသီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 - ထွက်တိုးငါးတောင်သူများအဖွဲ့_ https://htwettoe.com/organization/စီးပွားဖြစ်ငါးမွေးမြူရေး 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
