ဧရာဝတီတိုင်းအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့်ငါးအကြံပြုချက်
- ဧရာဝတီတိုင်း ဒေသကြီးတွေမှာ ၂၀၂၅ ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၆ ရက်နေ့အထိ မိုးရွာနိုင်တဲ့အလားအလာမတွေ့ရှိရဘဲ နေ့အပူချိန် 32°C မှ ညအပူချိန် 16°C အထိကျဆင်ဆင်းကာ အေးမြကြည်လင်သာယာနိုင်ပါတယ်။ - Source: Su Su San - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - · ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- - · တစ်ဝက်တစ်ပြတ်ကန်ဖော်မယ့် ငါး/ပုစွန်မွေး တောင်သူကြီးများအနေဖြင့် လက်ကျန်ငါးများကို ရေကြည်နေသည့် အခြားငါးကန်သို့ ပြောင်းရွေ့ထားရန်၊ - · အကယ်၍ မူရင်းကန်ထဲတွင် ပြန်မွေးမည်ဆိုပါက ရေနောက်နေနိုင်တဲ့အတွက် ကန်သန့်ရှင်းရေးဆောင် ရွက်ပြီးမှသာ ကန်ထဲသို့ ပြန်ထည့်ရန်၊ - · ပြန်မွေးမယ့် ကန်သန့်ရှင်းရေးအတွက် တစ်ဧကလျှင် ထုံး ၁၅ ပိဿာခန့်ထည့်ရန်၊ - · တစ်ဝက်တစ်ပြတ်ကန်ဖော်ရာတွင် ရေအကုန်မထုတ်ဘဲ အတော်အသင့်အနေထားဖြင့် ကန်ရေချန် ထားရန်၊ - · တစ်ဝက်တစ်ပြတ် ကန်ဖော်ပြီးပါ လက်ကျန်ငါးများကို တစ်ရက်ခန့် အစာကျွေးခြင်းကို ရပ်ဆိုင်းထားရန်၊ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
