ရန်ကုန်ဈေးကွက်ရှိ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း သုံးသပ်ခန့်မှန်းခြင်း
- ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ)၊ မတ်ပဲ(အက်စ်ကျူ၊ အာစီ)၊ ပဲစဉ်းငုံနီ (အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ)ဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလတွင် ၃,၂၁၅,၀၀ဝိ/-ကျပ်၊ မတ်ပဲ(အက်စ်ကျူ၊ အာစီ)ဈေးနှုန်းမှာ ၃,၆၅၅,၀၀ဝိ/-ကျပ်၊ ပဲစဉ်းငုံနီ (အာစီ) ဈေးနှုန်းမှာ ၃,ဝ၉၅,၀၀ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ - ယခင်လ (၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ)နှင့် ယခုလ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ)နှိုင်းယှဉ်ခြင်း - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများကို လေ့လာ သော် ယခင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ယှဉ်လျှင် ၂၃၄,၅၈ဝိ/-ကျပ် ကျသွားတာကို တွေ့ရပါတယ်။ မတ်ပဲ(အက်စ်ကျူ၊ အာစီ) ဈေးနှုန်းမှာ ၁၉၆,၂၃ဝိ/-ကျပ်၊ ပဲစဉ်းငုံနီ (အာစီ)ဈေးနှုန်းမှာ ၄၅၅,၇၁ဝိ/-ကျပ်ဖြင့် အသီးသီး ဈေးကျနေတာကို တွေ့ရပါတယ်။ - ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ လအလိုက် ပျမ်းမျှဈေးနှုန်း - ၂၀၂၄ ခုနှစ်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများကို လေ့လာသော် မတ်ပဲ (အက်ဖ်အေကျူ၊ အာစီ) တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၃,၁၆၆,၅၆၃ိ/- ကျပ်၊ မတ်လတွင် ၃,၁၄၀,၅၄၀ိ/- ကျပ်၊ ဧပြီလတွင် ၃,၁၅၄,၄၂၅ိ/- ကျပ်၊ မေလတွင် ၃,၂၂၅,၄၁၀ိ/- ကျပ်၊ ဇွန်လတွင် ၃,၄၀၄,၄၆၃ိ/- ကျပ်၊ ဇူလိုင်လတွင် ၃,၃၄၃,၈၉၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၃,၆၄၁,၇၆ဝိ/- ကျပ်၊ စက်တင်ဘာလတွင် ၃,၉၅၈,၃၆ဝိ/- ကျပ်၊ အောက်တိုဘာနဲ့ နိုဝင်ဘာလများတွင် ၃,၇၈၈,၈၂ဝိ/- ကျပ်၊ ဒီဇင်ဘာလတွင် ၃,၄၃၃,၈၃ဝိ/- ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၃,၁၉၉,၂၅ဝိ/- ကျပ်၊ ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။ - မတ်ပဲ(အက်စ်ကျူ၊ အာစီ) တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျမ်းမျှဈေးနှုန်းမှာ ၃,၃၈၈,၆၈၈ိ/- ကျပ်၊ မတ်လတွင် ၃,၄၂၈,၅၈၀ိ/- ကျပ်၊ ဧပြီလတွင် ၃,၄၂၃,၄၀၀ိ/- ကျပ်၊ မေလတွင် ၃,၄၉၁,၈၆၀ိ/- ကျပ်၊ ဇွန်လတွင် ၃,၇၂၂,၁၂၉ိ/- ကျပ်၊ ဇူလိုင်လတွင် ၃,၆၄၈,၄၇၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၄,၀၀၃,၁၆ဝိ/- ကျပ်၊ စက်တင်ဘာလတွင် ၄,၃၆၆,၅၂ဝိ/- ကျပ်၊ အောက်တိုဘာနဲ့ နိုဝင်ဘာလများတွင် ၄,၁၉၀,၄၇ဝိ/- ကျပ်၊ ဒီဇင်ဘာလတွင် ၃,၈၂၈,၇၃ဝိ/- ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၃,၆၃၂,၅၀ဝိ/- ကျပ်၊ ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။ - ပဲစဉ်းငုံနီ(အာစီ)ဈေးနှုန်းလေ့လာသော် တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၃,၈၉၅,၆၆၃/- ကျပ်၊ မတ်လတွင် ၄,၁၀၄,၄၀၀/- ကျပ်၊ ဧပြီလတွင် ၄,၀၃၅,၂၂၅/- ကျပ်၊ မေလတွင် ၄,၂၁၅,၅၇၀/- ကျပ်၊ ဇွန်လတွင် ၄,၅၄၄,၁၂၅/- ကျပ်၊ ဇူလိုင်လတွင် ၄,၄၂၉,၁၉၀/- ကျပ်၊ ဩဂုတ် လတွင် ၄,၆၄၁,၇၄ဝိ/- ကျပ်၊ စက်တင်ဘာလတွင် ၄,၈၇၂,၁၆ဝိ/- ကျပ်၊ အောက်တိုဘာနဲ့ နိုဝင် ဘာလများတွင် ၄,၂၀၇,၃၉ဝိ/- ကျပ်၊ ဒီဇင်ဘာလတွင် ၃,၅၄၆,၄၆ဝိ/- ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၃,၀၉၀,၇၅ဝိ/- ကျပ်၊ ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ - ဈေးကွက် သုံးသပ်ခန့်မှန်းချက် - ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ ကျဆင်းလာပါတယ်။ နယ်စုံမှ မတ်ပဲ၊ ပဲစဉ်းငုံ အသစ်များဈေးကွက်သို့ ဝင်ရောက်လာတဲ့အတွက်ကြောင့် ဈေးကျဆင်းရခြင်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆက်လက်ကျဆင်းနိုင်ပါကြောင်း သုံးသပ်မိပါတယ်။ အဲဒီနောက် တဖြည်းဖြည်းနဲ့ တရွေ့ ရွေ့တက်လာနိုင်ပါကြောင်း ခန့်မှန်းပေးလိုက်ရပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ - ထွက်တိုး - ဦးပြည့်ဖြိုးအောင် - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 - ထွက်တိုးငါးတောင်သူများအဖွဲ့_ https://htwettoe.com/organization/စီးပွားဖြစ်ငါးမွေးမြူရေး 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
