ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အဝယ်သွက်နေ၊ ရက်ပိုင်းအတွင်း ကျွန်းစားတော်ပဲများ ဝင်ရောက်လာမည်
- ၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အဝယ်သွက်နေ၊ ရက်ပိုင်းအတွင်း ကျွန်းစားတော်ပဲများ ဝင်ရောက်လာမည် - မန္တလေးဈေးကွက်အတွင်း ပဲစင်းငုံအသစ်များ ဝင်ရောက်လာသော်လည်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ အောက် သာပေါက်ဈေးရှိနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ - ၂၀၂၅ ခုနှစ် ကျွန်းစားတော် ပဲအသစ်များ ဇန်နဝါရီ ၁၂ ရက် ခန့်တွင် စတင်ဝင်ရောက်လာမည် ဖြစ်ပြီး လက်ကျန်ပစ္စည်းမရှိတော့ တာကြောင့် သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၅၀၀၀၀၀ ဝန်းကျင် ပေါက်ဈေး ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။ - ၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ်များ စတင်ဝင်ရောက်လာရာ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ အောက်သာ ပေါက်ဈေးရှိနေကြောင်း၊ အလားတူ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာလည်း တစ်အိတ်လျှင် ငွေကျပ် သုံးသိန်း အောက်ရောက်နေကြောင်း၊ မြေပဲဆန်မှာ အဝယ်သွက်နေပြီး အနည်းငယ် ဈေးမြင့်တက်လာကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ကျွန်းစားတော်ပဲအသစ်များ စတင် ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)ပိုင်ရှင်က ပြောသည်။ - `` ၂၀၂၅ခုနှစ် ပဲစင်းအသစ်တွေ မန္တလေးဈေးကွက်အတွင်း စတင် ဝင်ရောက်လာပေမယ့် ဈေး ကောင်း မဟုတ်သေးပါဘူး။ နယ်ဈေးကွက်မှာတော့ အရောင်း အဝယ်သွက်နေပါတယ်။ မြေပဲဆန် ဈေးလည်း အရောင်းအဝယ်ကောင်းလာတော့ ဈေးအနည်းငယ်မြင့် လာပါတယ်။ ပြည်တွင်းသုံး ကုလားပဲတွေကတော့ တစ်အိတ်ကို ငွေကျပ် ၃၀၀၀၀၀ အောက် ကျဆင်းနေပါတယ်။ မကြာမီ ကျွန်းစားတော်ပဲတွေ အသစ်ဝင် ရောက်တော့မှာပါ ´´ ဟု ၎င်းက ပြောသည်။ - ဇန်နဝါရီ ၉ ရက်တွင် ပို့ကုန် မတ်ပဲ(အသစ်)တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ပဲစင်းငုံမှာ ပဲနှမ်းဈေးကွက်အတွင်း စတင် ဝင်ရောက်လာရာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ ခန့် (နယ်ဈေး) ပေါက်ဈေးရှိနေ သည်။ ပဲတီစိမ်း(အညာ)တစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိနေသည်။ - ပြည်တွင်းသုံးကုလားပဲအုပ်စု မှာ ဈေးငြိမ်နေရာ ဇန်နဝါရီ ၉ ရက်တွင် ကုလားပဲ V2တစ် အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၇၈၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။ - နှမ်းမျိုးစုံမှာ အနည်းငယ် ဈေးကျဆင်းနေရာ ဇန်နဝါရီ ၉ ရက်တွင် နှမ်းနက်(စမုန်) ၄၅ ပိဿာ တစ်အိတ်လျှင်ငွေကျပ် ၆၅၅၀၀၀၊ အက်စစ်လွတ်တစ်အိတ် လျှင် ငွေကျပ် ၆၇၅၀၀၀၊ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ နှမ်းဖြူ(ဗမာ-သစ်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ နှမ်းညို ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ အသီးသီး ပေါက်ဈေး ရှိနေကြောင်း သိရသည်။ - ရွှေမန်း - မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။ - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 - ထွက်တိုးငါးတောင်သူများအဖွဲ့_ https://htwettoe.com/organization/စီးပွားဖြစ်ငါးမွေးမြူရေး 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
