မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၁၅ရက်နေ့မှ ၂၃ရက်နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပဲ ရာသီဥတုကြည်လင်သာယာနိုင်ပါတယ်။ - နေ့အပူချိန် 31°C မှ ညအပူချိန် 17°C အထိရှိနိုင်ပါတယ်။ - Weather Source: Su Su San - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ညဘက်နဲ့ မနက်ပိုင်းတွင် အအေးပိုလာနိုင်တဲ့အတွက် ပျော်ဝင်အောက်ဆီဂျင်ရရှိရေးအတွက် ရေကို လှုပ်ရှားပေးရန်၊ - ရေချဉ်ဖန်နှုန်းတက်နိုင်တဲ့ ဒေသဖြစ်တဲ့အတွက် အကယ်၍ ရေချဉ်ဖန်နှုန်းအလွန်အမင်းတက်နေပါက တစ်ဧကလျှင် ရှာလကာရှည် ၄ ပုလင်း သို့မဟုတ် ပုလဲမြေဩဇာ ၅ ပိဿာထည့်ပေးရန်၊ - အစာကျွေးခြင်းကို နံနက် ၉:၀၀ နာရီနောက်ပိုင်းမှသာ ဆောင်ရွက်ရန်၊ - လိုအပ်လို့ ထုံးထည့်ပါက ၂ လ သို့မဟုတ် ၃ လခြားပြီးမှသာ နောက်တစ်ကြိမ်ထည့်ရန်၊ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
