ရေငန်ပုစွန်သားပေါက် ပြုစုပျိုးထောင်ခြင်းစနစ်နဲ့ ကောင်းကျိုးများ
- ရေငန်ပုစွန်သားပေါက် ပြုစုပျိုးထောင်ခြင်းစနစ်ဟာ ပုစွန်အကောင်ငယ်လေးတွေကို ကန်ကြီးထဲ မထည့်မီ ဖြစ်လာမယ့် စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်အောင် လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။ အကောင်ငယ်လေးတွေဟာ ရေငန်မှာ ရှင်သန်တဲ့ ငါးတွေဖြစ်တဲ့အတွက် ကန်ကြီးထဲထည့်မွေးချိန် တစ်ခါတစ်ရံမှာ စိတ်ဖိစီးမှု ဒဏ်ကို ခံရပြီး သေနှုန်းမြင့်တတ်ပါတယ်။ ဒါကြောင့်မို့ ပုစွန်သားပေါက် ပိုးတုံးလုံးအရွယ်ကနေ ကန်ကြီးထဲ မရွှေ့မီ အရွယ်ထိရောက်အောင် ပြုစုပျိုးထောင်ပေးရတဲ့ ဖြစ်စဉ်ဟာ အရေးပါလာပါတယ်။ ဒါကြောင့် ရေငန်ပုစွန်သားပေါက် ပြုစုပျိုးထောင်ရာမှာအောင်မြင်ဖို့ဆိုရင် အောက်ပါအချက်တွေကို လေ့လာ ကြည့်ရအောင်ခင်ဗျာ- - ၁။ ရေငန် ပုစွန်သားပေါက်နဲ့ သင့်လျော်တဲ့ ပတ်ဝန်းကျင်အနေအထားကို ဖန်တီးပြီး ရေဖြည့်ပေးခြင်း - ပထမအဆင့်အနေနဲ့ကတော့ ရေငန်ပုစွန်သားပေါက်ရှင်သန်နိုင်မယ့် ပတ်ဝန်းကျင်အနေထားကို ဖန်တီးပြီး ရေသွင်းပေးရပါမယ်။ ကောင်းတာကတော့ မွေးမယ့်ကန်ဟာ လေးထောင့်ကျနေပြီး ကွန်ကရစ်နဲ့ တည်ဆောက်ထားရင် ပိုကောင်းပါတယ်။ ရေစီးရေလာကောင်းဖို့နဲ့ အမိုက်သရိုက်တွေ စုမနေစေဖို့အတွက် ကန်ရဲ့ဒေါင့်ကွေးတွေကို ညှိထားရပါမယ်။ ကန်ကို မသုံးခင်မှာ သန့်ရှင်း၊ အခြောက်ခံပြီး ရေလှည့်ပေးတဲ့ စနစ်တွေကို တပ်ဆင်ထားပေးသင့်ပါတယ်။ - ကန်ထဲကို ရေဖြည့်မယ်ဆိုရင်တော့ ပင်လယ်ရေကို ဖြည့်ပေးဖို့ အကြံပြုလိုပါတယ်။ ကန်ထဲရေ မဖြည့်မီ ကန်ကြမ်းပြင်တွေဟာ ခြောက်သွေ့နေဖို့လိုအပ်ပြီး တပ်ဆင်စရာများရှိတာတွေကိုလည်း ရေမသွင်းမီ အချိန်မီတပ်ဆင်ပြီးဖို့လိုပါတယ်။ ပျိုးကန်ရေသွင်းပိုက်မှာ ရေစစ်တွေကို တပ်ဆင်ထားပြီးမှသာ ရေသွင်းသင့် ပါတယ်။ အဲဒီနောက် ကန်ထဲကို ရေသွင်းပြီးနောက် ဆိုဒီယမ်ကို 10 pp အထိ ထည်ပေးဖို့လိုပါမယ်။ - ၂။ ကန်ကြီးထဲကိုပြောင်းထည့်မွေးခြင်း - ရေငန်ပုစွန် ပိုးတုံးလုံးလေးတွေကို ပျိုးကန်ထဲမထည့်မီ ထည့်မယ့်ကန်ထဲက ရေအနည်း ငယ်ယူပြီး ၁၅ မိနစ် စမ်းသပ်ကြည့်သင့်ပါတယ်။ အဲ့လိုထားပြီး ကန်ရေနဲ့ အသားကျပြီဆိုမှ အဆိုပါ ရေငန်ပုစွန် သားပေါက်လေးတွေကို ကန်ထဲကို ထည့်ပေးတာ ပိုကောင်းပါတယ်။ - ၃။ အစာကျွေးခြင်း - ပိုးတုံးလုံးအဆင့်မှာ အစာကျွေးတာဟာ အရမ်း ဂရုစိုက်ရပါတယ်။ အစာအမျိုးအစား၊ ပမာဏပေါ်မူတည်ပြီး သဘာဝ အစာ ဒါမှမဟုတ် အစာတောင့်ကို ကျွေးလို့ရပါတယ်။ ဒါပေမယ့် ဒီအရွယ်မှာ သဘာအစာကို စားစေတာက ပိုကောင်းပါတယ်။ - ၄။ စနစ်တကျရေသွင်းရေထုတ်လုပ်ပေးခြင်း - ရေငန်ပုစွန်သားပေါက်ပြုစုချိန်မှာ ရေသွင်းရေထုတ်ကို ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ အဲလိုလုပ် မပေးရင် ကန်ထဲမှာရှိတဲ့ အစာအကြွင်းအကျန်တွေနဲ့ အညစ်ကြေးတွေက သားပေါက်လေးတွေကို သေစေနိုင် ပါတယ်။ တစ်ချိန်တည်းမှာ အဲ့လို ရေသွင်းရေထုတ်လုပ်ပေးတာဟာ ရေရဲ့အပူချိန်၊ ရေချဉ်ဖန်နှုန်းနဲ့ ဆားငန်ရေ ပျော်ဝင်မှုကိုကောင်းစေပြီး သားပေါက်လေးတွေကို စိတ်ဖိစီးမှုကနေ သက်သာစေပါတယ်။ - ၅။ ပုစွန်သားပေါက်ကန် ဖော်ခြင်း - စိတ်ဖိစီးမှုရှိ မရှိ စစ်ဆေးခြင်း၊ ဆားငန်ရေဒဏ် ခံနိုင်ရည် ရှိ မရှိ စစ်ဆေးခြင်း၊ ရောဂါကျတာ ရှိ/မရှိ စစ်ဆေးတာတွေ လုပ်ပြီးရင်တော့ ပုစွန်သားပေါက်လေးတွေကို ဖမ်းလို့ရပြီဖြစ်ပါတယ်။ ဖမ်းတော့မယ်ဆိုရင် ကန်ရေရဲ့ ၄၀ ရာခိုင်နှုန်းကို လျော့၍ ရေထုတ်လမ်းကြောင်းကနေတဆင့် ပိုက်တားပြီး ဖမ်းလို့ရပါတယ်။ အဲလိုဖမ်းပြီးရင် ရေဖြည့်ထားတဲ့ ရေပုံးထဲကို ထည့်ပြီးထားရပါမယ်။ ဒါပေမယ့် ရေပုံးထဲမှာရှိတဲ့ ရေအပူချိန် ဟာ ၂၈ ဒီဂရီ စင်တီဂရိတ်ရှိရပါမယ်။ အဲလိုဆိုရင်တော့ ရေငန်ပုစွန်သားပေါက်ကို ကန်ကြီးထဲပြောင်းထည့်ဖို့ အဆင်သင့်ဖြစ်နေပြီးဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်ခင်ဗျာ။ - ထွက်တိုး - Source: https://delosaqua.com/understanding-shrimp-nursery-and-its-benefits-in-aquaculture/#:~:text=Successful%20Shrimp%20Nursery%20Techniques%201%201.%20Prepare%20the,...%205%205.%20Harvesting%20Post%20Larvae%20Carefully%20 - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
