ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၁၈ရက်နေ့မှ ၂၅ရက်နေ့အထိ ရာသီဥတုကြည်လင်သာယာပြီး မြူနှင်းများစွာကျရောက်ပြီး အအေးပိုစေနိုင်ပါတယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ရာသီဥတုအေးချိန် ငါးများ၏ ဇီဝကမ္မဖြစ်စဉ်နှေးကွေးချိန် အစာကိုလျော့ကျွေးရန်၊ - ငါးရောဂါများကျရောက်ချိန်ဖြစ်၍ ကန်အတွင်းငါးများရဲ့ အခြေအနေကို စောင့်ကြည့်ရန်၊ - ဖြည့်စွက်စာထဲတွင် ဗိုက်တာမင်စီထည့်ပေးရန်၊ တစ်နေ့လျှင် တစ်ကီလိုဂရမ်ရှိ ငါးတစ်ကောင်ကို ၃၀ မီလီဂရမ်ကျွေးရန်၊ - ကန်ထဲတွင် ထုံးအိတ်ဆွဲထားပေးရန်၊ - ပျော်ဝင်အောက်ဆီဂျင်ရရှိရေးကို အထူးဆောင်ရွက်ရန်၊ ရေလှယ်ပေးခြင်း၊ ရေဖြန်းခြင်း၊ ရေဒလတ် လည်ပေးခြင်းတွေကို လုပ်ဆောင်ပေးရန်၊ - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
