cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဒေါ်လာဈေးကျဆင်းမှုကြောင့် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး ဈေးကျဆင်းနေ

. ဈေးကွက်သတင်းများ
ပဲ၊ နှမ်း ဈေးကွက်မှာ အသစ်ဝင်ရောက်တဲ့ ပဲသစ်တွေရှိလာပေမယ့် ဈေးကွက်တစ်ခုလုံးက ဈေးတွေကျဆင်းနေပါတယ်။ ဒေါ်လာဈေး အတက်အကျရှိနေတော့ ပို့ကုန်ပဲတွေ အကုန်လုံး ဈေးကျဆင်းနေပါတယ်။
  • ဒေါ်လာဈေးကျဆင်းမှုကြောင့် ပြည်တွင်းပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးကျဆင်းနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။

    ဇန်နဝါရီလလယ်တွင် ပဲ၊ နှမ်းဈေးကွက်အတွင်း ပဲသစ်များ စတင်ဝင်ရောက်လာကြောင်း ပဲစင်းငုံအသစ်များ ပမာဏများများ ဝင်ရောက်လာသော်လည်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀ သာ ပေါက်ဈေးရှိနေ ကြောင်း၊ မြေပဲလုံးဆန်များ ဈေးကောင်းသော်လည်း မြေပဲဆန်/ဆီများ အဝယ်အေးနေကြောင်း၊ ကျွန်းစားတော်ပဲသစ်များ ဈေးကောင်းရရှိလာကြောင်း ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) ပိုင်ရှင်က ပြောသည်။

    `` ပဲ၊ နှမ်း ဈေးကွက်မှာ အသစ်ဝင်ရောက်တဲ့ ပဲသစ်တွေရှိလာပေမယ့် ဈေးကွက်တစ်ခုလုံးက ဈေးတွေကျဆင်းနေပါတယ်။ ဒေါ်လာဈေး အတက်အကျရှိနေတော့ ပို့ကုန်ပဲတွေ အကုန်လုံး ဈေးကျဆင်းနေပါတယ်။ မြေပဲ လုံးဆန်လောက်သာ ဈေးကောင်းနေပေမယ့် ဆီဆန်တွေအကုန် ဈေးအေးပါတယ်။ ကျွန်းစားတော် ပဲသစ်တွေ ဈေးကွက်ထဲ စတင် ဝင်ရောက်လာတာ တစ်အိတ် ငွေကျပ် ၄၈၀၀၀၀ ပေါက်ဈေး ရှိနေတယ်´´ ဟု ၎င်းက ပြောသည်။

    ဇန်နဝါရီ ၁၆ ရက်တွင် ပို့ကုန်မတ်ပဲ(အသစ်)တစ်အိတ် လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲစင်းငုံမှာ ပဲနှမ်းဈေးကွက်အတွင်း စတင် ဝင်ရောက်လာရာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀ ခန့် (နယ်ဈေး) ပေါက်ဈေးရှိနေသည်။ ပဲတီစိမ်း(အညာ)တစ် အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ ပေါက်ဈေး ရှိနေသည်။

    ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးကျဆင်းနေရာ ဇန်န ဝါရီ ၁၆ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ကုလားပဲ V7 တစ် အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ ကုလား ပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။

    အသစ်ဝင် ပဲမာလိုင်းများမှာ ပဲလွန်းဖြူ၊ ပဲလွန်းပြာ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၉၀၀၀၀၊ ကျွန်း စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၈၀၀၀၀၊ မြေပဲလုံးဆန် တစ် ပိဿာလျှင် ငွေကျပ် ၈၉၀၀ ပေါက်ဈေးရှိနေသည်။

    နှမ်းမျိုးစုံမှာ အနည်းငယ် ဈေးကျဆင်းနေရာ ဇန်နဝါရီ ၁၆ ရက်တွင် နှမ်းနက်(စမုန်) ၄၅ ပိဿာ တစ်အိတ်လျှင်ငွေကျပ် ၆၅၅၀၀၀၊ အက်စစ်လွတ်တစ်အိတ် လျှင် ငွေကျပ် ၆၈၀၀၀၀၊ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ နှမ်းဖြူ(ဗမာ သစ်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ နှမ်းညို ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀ အသီးသီး ပေါက်ဈေး ရှိနေကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
12
comments
0
views
2032
cover
cover
cover
cover
cover