cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
လက်ရှိစပါးပင် ပင်ပိုင်းကြီးထွားချိန်တွင်အဓိကကျရောက်နေသော သရစ်ပိုးအတွက်ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
  • ၂၀၂၅ဇန်နဝါရီလ ၂၀ရက်နေ့မှ ၂၇ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိဘဲ ရာသီဥတု အေးမြကြည်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။

    ISSUED TIME

    19/01/2025

    10:30am(MMT)

    #တိကျမှန်ကန်

    Su Su San

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆


    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ပျိုးသောတောင်သူများထံသို့

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်၏

    • လက်ရှိစပါးပင် ပင်ပိုင်းကြီးထွားချိန်တွင်အဓိကကျရောက်နေသော သရစ်ပိုးအတွက်ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။

    • ပင်ပြလက္ခဏာအနေနဲ့ စပါးရွက်ထိပ်ဖျားပိုင်းတွင် ခေါက်ပြီးပြန်ဖြန့်ထားသကဲ့သို့ တွန့်ခေါက်နေသောလက္ခဏာကိုတွေ့ရပါတယ်။

    • နောက်ပိုင်းတွင် စပါးရွက်များလိမ်ပြီးခြောက်သွားသည်ကိုတွေ့ရပါတယ်။

    • ပျိုးခင်းတွင်ကျရောက်ပါက ပျက်စီးဆုံးရှုံးမှုများတဲ့အတွက် သေချာကွင်းဆင်းစစ်ဆေးဖို့လိုပါတယ်။

    • စပါးပင် ၂၅ % ပင်ပိုင်းကြီးထွားချိန်တွင် ကျရောက်ပါက စပါးပင်ကိုရေမြုပ်လုခင်ထိ

    (၁ ရက်ခွဲ)ခန့် သွင်းထားပြီးရေထုတ်ပေးပါ။

    • ကြိုတင်ကာကွယ်သည့်အနေဖြင့် EM နှင့် သဘာဝတမာပိုးသတ်ဆေးကို ရောနှော အသုံးပြုနိုင်ပါတယ်။

    • အသုံးပြုနိုင်သောဓာတုဆေးများ- Fipronil, Cartap hydrochloride

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်

    ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    အအေးဓာတ်ပိုလာတဲ့ ယခုလို ကာလတွေမှာ အစာကျွေးခြင်းကို နံနက် ၉:oo နာရီနဲ့ ညနေ ၃:oo တွင် ဆောင်ရွက်ရန်၊

    ပုစွန်မွေးတောင်သူများအနေဖြင့် အောက်ဆီဂျင် မပြတ်လပ်အောင် ဆောင်ရွက်ရန်နဲ့ ကန်အောက်ခြေ အနယ်များရှိပါက ဖယ်ထုတ်ရန်၊

    ရောနှောမွေးမြူတဲ့ကန်များအနေဖြင့် ပုစွန်ဖော်ခြင်းဆောင်ရွက်ရန်၊

    ဘက်တီးရီးယားများ ပေါက်ပွားလာနိုင်သဖြင့် ငါးရောဂါများမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ရန် ဗိုက်တာမင်စီနဲ့ အခြားဆေးဘက်ဝင်အပင်များကို အစာထဲထည့်ကျွေးရန်၊

    -----------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
8
comments
0
views
1443
cover
cover
cover
cover
cover