ဧရာဝတီတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၃၀ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပဲ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။ - Weather Source: Su Su San - ငါး/ပုစွန် ကန်များအတွက် အကြံပြုချက် - ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- - ခုချိန် ငါးကန်တွေမှာ ဘက်တီးရီးယားပိုးပေါက်တဲ့အချိန်ဖြစ်၍ ရေကို စစ်ဆေးပေးရန်၊ - မြစ်ချောင်း၊ အင်းအိုင်များတွင်လည်း ရေကျချိန် ဘက်တီးရီးယားပိုးများပေါက်ချိန်ဖြစ်၍ အဆိုပါ ရေအရင်းမြစ်များမှ ရေကို ငါးကန်ထဲသွင်းချိန်တွင် ရေကို သေချာစစ်ဆေးပြီးမှာသာ သွင်းရန်၊ - ငါးအကြေးခွံကျွတ်ခြင်း၊ ငါးအနီစက်ကျခြင်းတွေ ကျရောက်ချိန်ဖြစ်၍ ထုံးနဲ့ ဆားထည့်ပေးရန်၊ - ငါးဗိုက်ဖောင်းခြင်း၊ ငါးအကြေးခွံကျွတ်ခြင်းတွေခံနိုင်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစာထဲမှာ ပဋိဇီဝ ဆေးများ ထည့်ကျွေးပေးရန်၊ - ---------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
