မန္တလေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။ - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် - မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - - ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊ - - ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ရေထုတ်ပြီးနောက် ကန်အောက်ခြေ နွံထုကို စစ်ဆေးပေးရန်နှင့် အကယ်၍ နွံထုထည်သည် ၈ လက်မထက်ကျော်နေပါက ဖယ်ထုတ်ပေးရန်၊ - - ကန်အောက်ခြေ နွံထုကို ၈ လက်မအထိသာထားရန်၊ - - ကန်အောက်ခြေနွံကို ဖယ်ထုတ်ပြီးပါက ပက်ကြားအက်သည်အထိ နေလှန်းထားရန်၊ - - နွံဖယ်ပြီးကန်တွင် ကန်အောက်ခြေနှင့် ကန်ဘေးပတ်ပတ်လည်အား တစ်ဧက ပိဿာ ၁၀၀ နှုန်းဖြင့် ထုံးဖြူးပေးရန်၊ - - အထက်ပါအဆင့်များဆောင်ရွက်ပြီး ၇ ရက်နေမှသာ ကန်ရေသွင်းခြင်းကို ဆောင်ရွက်ရန်၊ - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
