မကွေးတိုင်း တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - ငရုတ် သီးတောင့် အရွက် နှင့် ပင်စည်တွေမှာ - · အနာချိုင့်ကွက်ပုံစံ အမဲစက်လေးတွေနဲ့အရစ်တွေ၊ - · အကိုင်းတွေကတော့ ညိုးပြီး ခြောက်သွားတာတွေ၊ - · အပင်ငယ်အဆင့်မှာ ခါးရိပြီးသေတာနဲ့ - · အပင်မပေါက်မီမှာ သေသွားတာမျိုးတွေ တွေ့ရပြီဆိုရင်တော့ ငရုတ်မှည့်ပြောက်စွန်းရောဂါကျတာဖြစ်ပါတယ် - ငရုတ်မှည့်ပြောက်စွန်းရောဂါကာကွယ်နှိမ်နင်းဖို့အတွက် - · မျိုးကောင်းမျိုးသန့် အသုံးပြုစိုက်ပျိုးပါ - · ပလပ်စတစ်နှင့် အပင်ခြေမြေကြီးကို ဖုံးအုတ်စိုက်ပျိုးပါ - · စိုက်ခင်းအား ပိုးမွှားရောဂါကျရောက်မှုအခြေနေအား ပုံမှန်စစ်ဆေးပါ - · ရောဂါကျ အပင်အစိတ်ပိုင်းကို ညှပ်ထုတ်ဖယ်ရှားပါ - · စိုးစိုးရွားရွားရောဂါကျနေသောအပင်ကို နှုတ်ယူဖျက်စီးပါ - · လက်ခံပင်မဟုတ်သောသီးနှံနှင့် ၂-၃ နှစ်လောက် သီးလှည့်စိုက်ပျိုးပါ - · Propiconazole, Hexaconazole, Chlorothalonil, Thiophanate-methyl စတဲ့မှိုသတ်ဆေးများအသုံးပြု နိုင်ပါတယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - -ရေထုတ်ရန် မလွယ်တဲ့ဒေသဖြစ်၍ အစာကြွင်းကျန်များ ကန်ထဲတွင် မရှိစေရန်အတွက် အစာကို သတ်မှတ်နှုန်းတားထက် ပိုမကျွေးရန်၊ - -ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ ငါးရောဂါများမဖြစ်အောင် ကြိုတင်ကာကွယ်ရန်၊ - -ဗိုက်တာမင်စီနဲ့ သတ္တုဓါတ်ပါသော အစာများကို ဖြည့်စွက်စာအနေဖြင့် ထည့်ကျွေးပေးရန်၊ - -ကာလတိုအတွင်း ကြီးထွားမှုမြန်သော ငါးမျိုးများကို မွေးမြူရန်၊ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
