cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရွံ့ဂဏန်းကို ခြံခတ်မွေးမြူခြင်းစနစ်

. ငါးမွေးမြူရေးဆောင်းပါးများ
ခြံခတ်မွေးမြူခြင်းလုပ်ငန်းသည် ဂဏန်းများအတွက် ရေအရည်အသွေးစစ်ဆေးရန် မလိုအပ်ပါ။ ဖြည့်စွက် စာအဖြစ် ငါးနှုတ် ငါးဖွဲများကို တစ်နေ့လျှင် နှစ်ကြိမ်ကျွေးပါ။
  • ဂဏန်းကို ခြံခတ်မွေးမြူးခြင်းစနစ်ကို ဖိလစ်ပိုင်နိုင်ငံတွင် ၁၉၈၀ခုနှစ်ကတည်းက စမ်းသပ်မွေးမြူအောင် မြင်ခဲ့ကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့တွင် ကျယ်ကျယ်ပြန့်ပြန့်မွေးမြူနေကြ ပါသည်။ အဆိုပါမွေးမြူရေးစနစ်သည် ဂဏန်းများနေထိကျက်စားသည့် ဒီရေတောအတွင်း ပိုက်ဖြင့် ခြံခတ်ပြီး မွေးမြူသောစနစ်ဖြစ်ပါသည်။ ဒီရေတောအတွင်း ခြံခတ်ပြီး ဂဏန်းမွေးမြူခြင်းစနစ်၏ အားသာချက်မှာ အများ ကြီးရှိပါသည်။ ဒီရေတောအပင်များလည်း မပျက်စီးခြင်း၊ မြေတူးဆခြင်း မလုပ်ရသဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုနည်းခြင်းနှင့် သဘာဝရေအတိုင်းတွင် မွေးမြူရသဖြင့် ဂဏန်းများအတွက် သဘာဝအစာနှင့် အနေအထိုင်ကောင်းခြင်းတို့ ဖြစ်ပါသည်။

    ခြံခတ်မွေးမြူမည့်နေရာသည် ဒီရေအတက်အကျအမြဲရှိသော နေရာဖြစ်ရမည်။ (၁၅)ရက် တစ်ရေတွင် အနည်းဆုံး ဒီရေ (၁၂)ရက်ခန့်ရောက်ရှိရမည်။ ဒီရေတက်သောအမြင့်သည် (၃)ပေအမြင့်ထက်မကျော်ရပါ။ ဒီရေ တော သစ်ပင်များအတွင်းရှိ အောက်ပေါင်းများကို ရှင်းလင်းပြီး ၊ ဂဏန်းမွေးမြူမည့်နေရာကို ပိုက်အမြင့် အနည်း ဆုံး(၄)ပေဖြင့် ပတ်ပြီးကာပေးပါ။ ပိုက်အောက်‌ခြေကို အနည်းဆုံး (၄)လပ်မမှ(၆)လက်မခန့်အထိ မြုပ်ထားပေးပါ။

    ဒီရေတောအပင်များ၏ အောက်ဖက်သစ်ကိုင်းများကို ခုတ်ထားပေးခြင်းဖြင့် အလင်းရောင်(နေရောင်)ကို ရရှိစေပါမည်။ ခြံခတ်မွေးမြူရာတွင် တစ်ဧကလျှင် (၅၀)ဂရမ်မှ (၁၀၀)ဂရမ်အတွင်းရှိ ဂဏန်းများကို အကောင်ရေ (၈၀၀၀)မှ(၁၀၀၀၀)အထိ ထည့်သွင်းမွေးနိုင်ပါသည်။ ကာရန်ထားသော ပိုက်သည် ရေဝင်ရေထွက်ကောင်းစေရန် ပိုက်ကွက်အကျယ်သည် (၀.၅) မှ (၁) လက်မအကွက် ဖြစ်ရပါမည်။ သို့မှသာ သဘာဝအစာများ ဝင်ရောက်နိုင်ပြီး ဂဏန်းများအတွက် အစာကို ရရှိစေပါမည်။ ခြံခတ်မွေးမြူမည့်နေရာသည် ရေငန်နှုန်းအနည်းဆုံး (၅)ပီပီတီရှိရန် လိုအပ်ပါသည်။

    ခြံခတ်မွေးမြူခြင်းလုပ်ငန်းသည် ဂဏန်းများအတွက် ရေအရည်အသွေးစစ်ဆေးရန် မလိုအပ်ပါ။ ဖြည့်စွက် စာအဖြစ် ငါးနှုတ် ငါးဖွဲများကို တစ်နေ့လျှင် နှစ်ကြိမ်ကျွေးပါ။ အစာကျွေးရမည့် နှုန်းမှာ ထည့်သွင်းထားသော ဂဏန်း အလေးချိန်း၏ (၃)မှ (၄)% သာကျွေးပါ၊ မွေးကာလ တစ်လကြာလျှင် ခြံခတ်ထားသော ဧရိယာအတွင်းမှ ဂဏန်းများကို ထောင်ခြောက်ဖြင့် (ဂဏန်းဖမ်းသော ပိုင်) ဖမ်းယူကာ ၂၀၀ ဂရမ်ရှိ ဂဏန်းများကို ရောင်းချနိုင်ပါသည်။

    ဦးစန်းအောင်

    ထွက်တိုး

    ------------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
0
views
1921
cover
cover
cover
cover
cover