ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ရှမ်းပြည်နယ်ဒေသကြီးတစ်ခုလုံးမှာ ၂၀၂၅ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၁၀ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲရာသီဥတု အေးအေးမြမြ ကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ် - #တိကျမှန်ကန် - SuSuSan - ရှမ်းပြည်နယ်အတွင်း ဂေါ်ဖီထုတ်စိုက်ပျိုးသောတောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - ဂေါ်ဖီထုတ်စိုက်ခင်းမှာ ဖလံကောင်တွေ တွေ့နေရပြီဆိုရင် ဒါမှမဟုတ် ဂေါ်ဖီထုတ်အရွက်တွေမှာ အပေါက်တွေနဲ့ ကိုက်ဖြတ်စားသောက်ထားတာတွေတွေ့နေရပြီဆိုရင်တော့ စိန်ကွက်ဖလံကျရောက်နေတာဖြစ်ပါတယ်။ - တောင်သူများအနေနဲ့ - ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီစတဲ့သီနှံတွေကို ဆက်တိုက်စိုက်ပျိုးခြင်းကို ရှောင်ကျဉ်ပါ။
- ဖလံကောင်များရဲ့ မျှားစာအနေနဲ့ မုန်ညင်းပင်များကို ဂေါ်ဖီခင်းပတ်လည်မှာစိုက်ပျိုးနိုင်ပါတယ်။
- ပုံမှန်စိုက်ချိန်ထက်အနည်းငယ်စောပြီးစိုက်ပျိုးသင့်ပါတယ်။
- ဖလံအဖိုကောင်များကိုဆွဲဆောင်နိုင်သာ Pheromone traps များအသုံးပြုပါ။
- ရိတ်သိမ်းပြီးချိန်မှာ ရိုးပြတ်အကြွင်းကျန်နှင့် အမှိုက်များအားလုံးကို ရှင်းလင်းထားပါ။
- Cypermethrin 20EC သို့မဟုတ် Sevin 85 WP ဓါတုဆေးများကို တလှည့်စီအသုံးပြုပါ။
 - တောင်သူဦးကြီများအနေနဲ့ ပိုးသတ်ဆေးအသုံးပြုတဲ့အခါတွင် စားသုံးသူများကျန်းမာရေးကို အလေးပေးစဉ်းစားပေးသောအနေနှင့် သတ်မှတ်ထားသော မရိတ်သိမ်းခင်စောင့်ဆိုင်းရမည့်ရက်ကို သေချာလိုက်နာသင့်ပါသည်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - - အစာကို သတ်မှတ်နှုန်းတားဖြင့်ကျွေးရန်၊ - - ပျော်ဝင်အောက်ဆီဂျင်ရရှိရေး ရေဖြန်းပေးရန်၊ - - ကန်အောက်ခြေရှိအနယ်များကို ဖယ်ရှားရန်၊ - - ဘက်တီးရီးယားနဲ့ အခြားရောဂါပိုးများ ပေါက်ပွားနေသော မြစ်ချောင်းများမှ ရေကို သွယ်တန်း စုပ်ယူခြင်းများ မပြုလုပ်ရန်၊ - - ကန်ရဲ့ ရေသွင်းပေါက်တွင် ရေစစ်များထားရှိရန်၊ - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
