တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
- (၂၇. ၁ . ၂၀၂၅ မှ ၃၁. ၁. ၂၀၂၅) - ဆန် - ဆန်စျေးကွက်မှာ ပြည်ပတင်ပို့တဲ့ ကရင်မဆန်အပါအဝင် ဆန်အမျိုးအစားတွေအားလုံး စျေးတန်းကျဆင်းပြီး ပြည်တွင်းစားသုံးမှုများတဲ့ ဆန်အမျိုးအစားတွေကတော့ စျေးနှုန်း သိသိသာသာ ကျဆင်းတာမျိုးမရှိသေးပါဘူး။ - လက်ရှိ ပြည်တွင်းစားသုံးမှုများတဲ့ ဆန်ကဒေသအလိုက် အမျိုးအစားကွာခြားမှုရှိပြီး ပဲခူးအနောက်ခြမ်းမှာတော့ မှော်ဘီ ၃ဆန် ၂၄ပြည်တစ်အိတ်ကို ဆန်အဟောင်းက ၈၅၀၀၀ ကျပ်ရှိပြီး ဆန်အသစ်က ၇၅၀၀၀ ကျပ်ဝန်းကျင်ရှိပါတယ်။ - ဆန်အမာ အမျိုးအစားတွေကတော့ ၂၄ ပြည် အဟောင်းတစ်အိတ်ကို ၈၈၀၀၀ လောက်ရှိနေပါတယ်။ ရွှေဘိုပေါ်ဆန်းမွှေးဆိုရင် အဟောင်းတစ်အိတ်ကို ၂၀၀၀၀၀ ကျပ်ရှိပါတယ်။ - ဧရာပဒေသာဆန်အဟောင်းတစ်အိတ်ကိုဆိုရင် ၁၇၀၀၀၀ ကျပ်ရှိပြီး ဆန်အသစ်က ၁၃၀၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ - ပြည်ပတင်ပို့တဲ့ ဆန်အမျိုးအစားတွေကတော့ စျေးကျနေတဲ့အပြင် အရောင်းအဝယ်လည်း အေးနေပါ တယ်။ - ပြောင်း - ပြောင်းကတော့ ဒီတစ်ပတ်မှာလည်း စျေးထပ်တက်လာပါတယ်။ ပြောင်းဆံကို ပြည်ပ ဝယ်လိုအားများတဲ့အပြင် ထိုင်းကိုပါ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့တော့မှာဖြစ်လို့ ကုန်သည်တွေ ဝယ်လိုအားကောင်းပြီး စျေးတက်လာတာ ဖြစ်ပါတယ်။ - ပြည်ပ တင်ပို့မှုအတွက် အရည်အသွေးကောင်းတဲ့ ပြောင်းဆံတွေက စျေးကောင်းရနေ တာဖြစ်ပါတယ်။ - အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၈၀ မှ ၁၇၀၀ ကျပ် အထိ ရှိလာပါတယ်။ အရင်အပတ်ကထက် တစ်ပိဿာ ကို ၁၀ ကျပ်ထပ်တက် လာတာဖြစ်ပါတယ်။ - မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း စျေးတက်ပါတယ်။ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၃၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)က ၈၅၀၀၀ မှ ၈၆၀၀၀ ကျပ်၊ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၆၀၀၀ ကျပ် စျေးရှိပြီး အရင်တစ်ပတ်ကထက် ၁၀၀၀ မှ ၃၀၀၀ ကျပ်တက်လာပါတယ်။ - မတ်ပဲ - အရင်အပတ်က စျေးတန်းအကျရပ်ခဲ့တဲ့ မတ်ပဲက အခုတပတ်မှာတော့ စျေးပြန်ကျလာပါတယ်။ ရန်ကုန်လှောင်လက်သမားတွေ အဝယ်ရှိသလို နယ်လှောင်လက်သမားတွေ ဝယ်ယူခြင်း၊ ပဲခွက်စက်တွေ ဝယ်ယူမှုရှိပေမယ့်လည်း ပဲအသစ်တွေ စျေးကွက်ထဲဝင်ရောက်ပြီး ပြည်ပစျေးကွက်အေးနေတာကြောင့် စျေးတန်းက အကျဘက်မှာပဲရှိတာဖြစ်တယ်လို့ သိရပါတယ်။ စျေးတန်းပြန်မာလာတဲ့ အခြေအနေရှိတယ်လို့ ကုန်သည်အချို့ကတော့ ခန့်မှန်းထားပါတယ်။ - အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လါနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၃၀၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၁၀၀၀၀၊ ကြာသပတေးနေ့မှာ ၃၀၅၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၅၃၀၀၀ ကျပ်ရှိပြီး တစ်ပတ်အတွင်းမှာ ၄ သောင်း အတက်အကျ ရှိခဲ့ပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင်တော့ ၃၀၀၀၀ ကနေ ၇၀၀၀၀ လောက် ကျပါတယ်။ - မန္တလေးစျေးကွက်မှာလည်း စျေးကျပါတယ်။ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ်ကျပါတယ်။ - ပဲစင်းငုံ - အရင်အပတ်ကမှ စျေးပြန်အတက်ပြခဲ့တဲ့ ပဲစင်းငုံက အခုအပတ်မှာတော့ စျေးပြန်ကျသွားပါတယ်။ - မြန်မာပဲစင်းငုံကို အိန္ဒိယနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ အိန္ဒိယက သက်တမ်းထပ်တိုးခွင့်ပြု လိုက်ပြီးနောက်မှာ ပဲစဥ်းငုံစျေးပြန်တက်လာခဲ့ပေမယ့် လက်ရှိမှာ အိန္ဒိယကဝယ်လိုအားနည်းခြင်း၊ ပြည်တွင်းက လှောင်လက်သမားသာ အဝယ်ရှိခြင်း၊ ပဲအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှုများတဲ့ အခြေအနေတွေကြောင့် စျေးတန်းမငြိမ်ဘဲ အကျဘက် ပြန်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ - ခုအပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစင်းငုံနီတစ်တန်ကို ၂၉၂၅၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၂၉၀၀၀၀၀၊ ကြာသပတေးနေ့က ၂၉၇၂၀၀၀ ကျပ်၊ သောကြာနေ့မှာ တော့ ၂၉၃၂၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၇၀၀၀၀ လောက် အတက်အကျရှိခဲ့ပါတယ်။ - အရင်တစ်ပတ်နဲ့ ယှဥ်ရင်လည်း အနိမ့်ဆုံး ၇၀၀၀၀ မှ ၁၃၀၀၀၀ အထိကျပါတယ်။ - မန္တလေးစျေးကွက်မှာလည်း ခုတစ်ပတ်မှာ ပဲစဥ်းငုံနီကို ပိဿာ ၆၀ ကို ၂၇၅၀၀၀ မှ ၂၇၈၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် ၁၀၀၀၀ ကျပ်ကျပါတယ်။ - ပဲဖတ် - ပြည်တွင်းမွေးမြူရေးအစာစျေးကွက်မှာ ပဲဖတ်ကို ဝယ်လိုအားကောင်းတဲ့အပြင် နှမ်းဖတ်ချဥ်အဖြစ် ထုတ်လုပ်ရောင်းချရာမှာလည်း စားသုံးသူ စျေးကွက်ကောင်းတာကြောင့် မြေပဲဖတ်စျေးက အမြင့်စျေး တန်းမှာပဲရှိနေတယ်လို့ သိရပါတယ်။ - ပဲဖတ်ကို ငါးမွေးမြူရေးလုပ်ငန်း၊ ဝက်မွေးမြူရေး အစာတွေထဲမှာ ရောစပ်သုံးကြတာ ဖြစ်ပါတယ်။ - စားသုံးမှုအနေနဲ့ နှမ်းဖတ်ချဥ်အဖြစ် လုပ်ရောင်းကြပါတယ်။ လက်ရှိမှာပဲဖတ်က ဝယ်လို အားကောင်း နေ တာကြောင့်စျေးတက်နေတာဖြစ်ပါတယ်။ မန္တလေးစျေးကွက်မှာ ပဲဖတ် ၁ ပိဿာကို ၆၀၀၀ မှ ၆၅၀၀ ကျပ်ရှိပြီး မကွေးစျေးကွက်မှာ ၆၇၀၀ ကျပ်ဝန်းကျင်စျေးပေါက်နေတယ်လို့သိရပါတယ်။ - (AMIA) 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
