အရည်သွေးကောင်းတဲ့ မျိုးစေ့တွေအသုံးပြုပြီး အထွက်နှုန်းတိုးတက်ကြပါစို့
- တောင်သူကြီးများအားလုံး သီးနှံအထွက်နှုန်းတိုးတက်စေဖို့နဲ့ အမြတ်အများဆုံးရစေဖို့အတွက် အဓိကအကျဆုံး စဉ်းစားသင့်တဲ့ အချက်တစ်ချက်ကတော့ အရည်သွေးကောင်းတဲ့ မျိုးစေ့အသုံးပြုခြင်း ဖြစ်ပါတယ်။ အရည်သွေးကောင်းမွန်တဲ့ မျိုးစေ့ဆိုတာကတော့ - ၁) မျိုးစေ့သန့်စင်မှုရှိခြင်း (ပေါင်းမြတ်မျိုးစေ့များ၊ အမှိုက်သရိုက်များနဲ့ အခွံများကွဲအပ်နေတဲ့ မျိုးစေ့များ မပါဝင်ခြင်း) - ၂) မျိုးညှောင့်ပေါက်ရာခိုင်နှုန်း ၈၅ % အထက်ရှိခြင်း - ၃) မျိုးစေ့မှာ သင့်တင့်တဲ့ အစိုဓါတ်ရာခိုင်နှုန်းရှိခြင်း - ၄) တူညီတဲ့ မျိုးစေ့အရွယ်အစားနဲ့ အလေးချိန်ရှိတဲ့ မျိုးစေ့များဖြစ်ပါတယ်။ - တောင်သူလယ်သမားများအနေဖြင့် မျိုးစေ့များကို မဝယ်ယူမှီ မျိုးစေ့မှာ ရှိသင့်တဲ့ လက္ခဏာများကို စမ်းသပ်စစ်ဆေးပြီးမှသာ ဝယ်ယူသင့်ပါတယ်။ အရည်သွေးမြင့်တဲ့ မျိုးစေ့များကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မျိုးကောင်းမျိုးသန့်ရောင်းဝယ်တဲ့ လုပ်ငန်းရှင်များထံမှဝယ်ယူ၍သော်လည်းကောင်း၊ တောင်သူလယ်သမားအချင်းချင်း မျိုးဖလှယ်၍သော်လည်းကောင်း၊ ကိုယ်အားကိုယ်ကိုး၍ ကိုယ်တိုင်မျိုးထားခြင်းသော်လည်းကောင်း ရရှိနိုင်ပါတယ်။ - အရည်သွေးကောင်းမွန်တဲ့ သီးနှံမျိုးစေ့များကို အသုံးပြုခြင်းဖြင့် - ၁) မျိုးညှောင့်ပေါက်နှုန်းများကောင်းမွန်ခြင်း - ၂) သီးနှံပင်များ ဗီဇမှန်ကန်စေခြင်း - ၃) သီးနှံပင်များ ကျန်းမာသန်စွမ်းခြင်းနဲ့ - ၄) ပိုးမွှားရောဂါနှင့် ရာသီဥတုဒဏ်များကို အသင့်အတင့်ခံနိုင်ရည်ရှိခြင်း စတဲ့ အကျိုးကျေးဇူးများရှိနိုင်ပါတယ်။ - အထွက်နှုန်း တိုးတက်ကောင်းမွန်ဖို့ မျိုးစေ့များရွေးချယ်ရာမှာ ဒေသအလိုက်သင့်တော်တဲ့ မျိုးစေ့၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုးစေ့၊ စီးပွားဖြစ်မျိုးသန့်မျိုးစေ့များကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ - အရည်သွေးကောင်းမွန်တဲ့ သီးနှံမျိုးစေ့များကို စိုက်ပျိုးခြင်းအားဖြင့် မျိုးစေ့သုံးစွဲမှုပမာဏနည်းစေကာ ကုန်ကျစရိတ်သက်သာစေပါတယ်။ ပိုးမွှားရောဂါကျရောက်မှုနည်းတာကြောင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြုမှု အကြိမ်အရေအတွက် နည်းပါးစေပါတယ်။ အပင်ပေါက်နှုန်းကောင်းခြင်းနှင့် ကျန်းမာသန်စွမ်းတဲ့ ပျိုးပင်များရရှိခြင်းကြောင့် လိုအပ်တဲ့ အပင်ဦးရေရရှိစေခြင်းဖြင့် အချိန်နှင့် အလုပ်သမားကုန်ကျစရိတ်များ သက်သာစေပါတယ်။ - တောင်သူလယ်သမားများ အရည်သွေးကောင်းမွန်တဲ့ မျိုးစေ့များအသုံးပြုပြီး အထွက်နှုန်းတိုးတက်ကောင်းမွန်ကာ စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ - ရေးသားသူ - Lin Zar Ni - ✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
