ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- Eastern Shan State - မိုင်ဆွန်ခ... - ၂၀၂၅ ဖေဖော်ဝါရီလ ၈ရက်နေ့ ၉ရက်နေ့တွေမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုးအသင့်အတင့် ရွာနိုင်ပါတယ်။ - ISSUED TIME - 06/02/2025 8:01am(MMT) - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ရှမ်းပြည်နယ်အတွင်း စတော်ဘယ်ရီစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - လက်ရှိအခြေနေအရ စတော်ဘယ်ရီစိုက်ပျိုးသူများအနေနဲ့ ရွက်ပြောက်ရောဂါ (Pestalotia Leaf Spot) ကျရောက်မှုနှင့်ကြုံတွေ့ရနိုင်ပါတယ်။ ဒီရောဂါကတော့ စိုက်လိုက်တဲ့ ပျိုးပင်တွေမှာ ရောဂါပါလာခြင်းကြောင့် အဓိကဖြစ်တက်ပါတယ်။ ရောဂါကျအပင်ကိုကိုင်ထားသောလက်များ၊ အဝတ်စားများနှင့် ရောဂါကျအခင်းတွင် အသုံးပြုထားသော ကိရိယာပစ္စည်းများကြောင့် တစ်ပင်မှတစ်ပင်ကူးဆက်ပြန့်ပွားနိုင်ပါတယ်။၏ - ရွက်ပြောက်ရောဂါ (Pestalotia Leaf Spot) ကျရောက်ပါက - · အပင်ရဲ့အပေါ်ပိုင်း ရေဖျန်းစနစ်နှင့်ရေသွင်းခြင်းကိုရှောင်ပါ။ - · အပင်ပေါ်တွင် ရေစိုနေသောအချိန်တွင် အသီးခူးခြင်းနှင့် တခြားသော အပင်ကိုထိခိုက်စေသည့်အလုပ်များပြုလုပ်ခြင်းကို ရှောင်ကျဉ်ပါ။ - · ရောဂါကျအပင်များကို ချက်ချင်းဖယ်ရှားရှင်းလင်းပါ။ - · စိုက်ခင်းအတွင်းအသုံးပြုမည့် ကိရိယာများ ပိုးသန့်၍အသုံးပြုပါ။ - · မှိုသတ်ဆေးများအနေနဲ့ Fludioxonil + Cyprodinil, Thiram, စတာတွေအသုံးပြုနိုင်ပါတယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - - ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ ငါးများရောဂါမကျအောင် ကြိုတင်ကာကွယ်ရန်၊ - - ပဋိဇီဝဆေးများကို အစာထဲထည့်ကျွေးရန်၊ - - ကန်ရေအရည်သွေးကို စစ်ဆေးပေးရန်၊ - - ရေချဉ်ဖန်နှုန်းကို စစ်ပေးရန်၊ - - အမိုးနီးယား အဆိပ်အတောက်မဖြစ်စေရန် အစာကို လိုအပ်သလောက်သာကျွေးရန်၊ - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
