ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် - မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပါဘူး။ - ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ - ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့... - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - · လက်ရှိစပါးဂုတ်ကျိုးကျနေသောစိုက်ခင်းများအနေဖြင့် နိုက်ထရိုဂျင်ပုလဲယူရီးယားကို တစ်ကြိမ်တည်းအလွန်အကျွံမသုံးပါနဲ့။ အကြိမ်ရေခွဲထည့်ပေးပါ။ - · စိုက်ခင်း အနီးတဝိုက်ရှိပေါင်းမြက်များကိုသေချာရှင်းလင်းပေးပါ။ - · မှိုသတ်ဆေးအနေနဲ့ Tricyclazole 10 % + Cyprodinil 10% ၂၀ စီစီ/ ၂၀ လီတာ ပထမအကြိမ်၊ ဒုတိယအကြိမ်ကို Isoprothiolane 20% ၃၀ စီစီ/ ၂၀ လီတာနှုန်းနဲ့ ဖျန်းပေးပါ။ - · ရိုးပြတ်၊ပင်ကြွင်းပင်ကျန်များကို သေချာရှင်းပေးပါ။ - · နောက်ရာသီတွင် အဲ့ဒီစပါးခင်းကမျိုးကိုပြန်မစိုက်ပါနဲ့။ မျိုးပြောင်းစိုက်ပါ။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - · ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- - · မျိုးငါးကန်များအနေဖြင့် သက်တမ်းတူငါးမျိုးများကိုသာရွေးချယ်မွေးမြူရန်၊ - · မျိုးငါးမွေးမြူရာတွင် ငါးမျိုးစိတ်မတူ၊ သက်တမ်းမတူတဲ့ ငါးများကို ရောနှောမွေးမြူခြင်းမှ ရှောင်ရှားရန်၊ - · မျိုးငါးကန်များတွင် အမိုးနီးယားပမာဏကို စစ်ဆေးပေးရန်၊ - · မျိုးငါးများ ကျန်းမာစေရန် အစာထဲ၌ ဗိုက်တာမင်စီထည့် ကျွေးပေးရန်၊ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
