ဉာဏ်စမ်းအဖြေမှန်နှင့်ဖုန်းဘေလ်ကံထူးသူများစာရင်း🤗🤗
- စပါးဂုတ်ကျိုးရောဂါသည် နွေစပါး၊မိုးစပါးနှစ်မျိုးလုံးတွင်ကျရောက်နိုင်သော ရောဂါဖြစ်ပါသည်။ မျိုးစေ့ဆောင်ရောဂါဖြစ်ပြီး မြက်ပေါင်းများ၊ ရိုးပြတ်များတွင်လက်ခံလွှဲပင်အဖြစ် ခိုအောင်းနေနိုင်ပါသည်။ စပါးတစ်ပင်လုံး အရွက်၊ပင်စည်၊ အဆစ်၊ အနှံ၊ စပါးစေ့ စသည်တို့တွင်လက္ခဏာတွေ့ရပါသည်။ သိသာထင်ရှားသောလက္ခဏာသည် အရွက်ပေါ်တွင်တွေ့ရသော လွန်းပုံသဏ္ဍာန်အကွက်ဖြစ်ပါသည်။ အပူချိန်မြင့်ပြီး စိုထိုင်းဆများသောအခြေအနေမျိုးတွင် ရောဂါကျရောက်မှုစတင်တတ်ပါသည်။ စပါးရွက်တစ်ရွက်ပေါ်တွင် လွန်းပုံသဏ္ဍာန်လက္ခဏာ ၃ ခုတွေ့ရပါက စီးပွားရေးအရထိခိုက်သောအဆင့်ဟုသတ်မှတ်နိုင်ပါသည်။ - ဒါကြောင့် ဒီတစ်ပတ်ဉာဏ်စမ်းမေးခွန်းရဲ့အဖြေမှန်က ပုံ (ခ) ဖြစ်ပါတယ်။ - ဝင်ရောက်ဖြေဆိုသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ - ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။ - ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - ထွက်တိုး Download ရယူရန် - https://bit.ly/htwettoev2 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
