cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပို့ကုန်မတ်ပဲနှင့်ပဲစင်းငုံများ ဈေးကျဆင်းမှုရပ်သွားပြီး အရောင်းအဝယ်ပြန်ကောင်းလာ

. ဈေးကွက်သတင်းများ
ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ ဈေးကျဆင်းမှုရပ်သွားပြီး ဈေး အနည်းငယ် ပြန်လည်မြင့်တက်လာကြာင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။
  • ယခင်ရက်များက ပို့ကုန်ပဲ ဈေးများ ကျဆင်းမှုရပ် တန့်သွားပြီး အတက်ဈေးတန်းကို ပြန်ဖြစ်လာကြောင်း လက်ရှိမှာ ဈေးကျ ဆင်းမှုများကြောင့် တောင်သူကလည်း စောင့်ရောင်း၊ လှောင်လက် သမားကလည်း စောင့်ဝယ်နေသည့် အခြေအနေဖြစ်ကြောင်း ပဲကုန်သည်များက သုံးသပ်ထား သည်။ 

     ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံဈေး ကျဆင်းမှုများကြောင့် အရောင်းအဝယ် အေးသွားပြီး ဖေဖော်ဝါရီ ၆ရက် နံနက်ဈေးကွက် အဖွင့်မှာတော့ ဈေးကျဆင်းမှု ရပ်တန့်သွားပြီး ဈေးအနည်းငယ် ပြန်တတ်လာကြောင်း၊ စားသုံးဆီဈေးကွက်အတွင်း စားအုန်းဆီ များပြားနေသောကြောင့် မြေပဲဆန်များ ဝယ်ယူကြိတ်ခွဲနိုင်မှု နည်းပါးကြောင်း မြေပဲလုံး ဆန်များ အနည်းငယ် ဈေးကျဆင်းနေကြောင်း ပဲကုန်သည် ဦးဆန်းထွန်းလွင်က ပြောသည်။  

    `` မတ်ပဲ၊ပဲစင်းငုံ FOB ဈေး တစ်တန် အမေရိကန်ဒေါ်လာ ၇၁၅-၇၂၀ နဲ့ အရောင်းအဝယ် ပြန်ဖြစ်ပါတယ်။ FOB ပေါက် ဈေးအရ မန္တလေးပဲဈေးကွက် မှာ ဈေးကျဆင်းမှုရပ်ပြီး ဒီနေ့ နံနက်အရောင်းအဝယ် ပြန်သွက်လာပါတယ်။ သုံးတင်းတစ်အိတ်ကို ငွေကျပ် ၂၇၇၀၀၀ ဈေးပတ်လည်ကနေ မကျဆင်းနိုင်တော့ဘူးလို့ ခန့်မှန်းပါတယ်။ မတ်ပဲလည်း ပုံမှန်ဈေးပြန်ဖြစ်လာမှာပါ။ လက်ရှိဈေးက တောင်သူ အရင်းဈေးနားကပ်နေတော့ မကိုက်ဖြစ်နေပါတယ်။ အိန္ဒိယက ဝယ်လိုအား ရှိပေမယ့် ထိန်းဝယ်နေတာမျိုးဖြစ်နေပါတယ် ´´ ဟု ၎င်းက ပြောသည်။

    နှမ်းမျိုးစုံဈေးကွက်မှာ ပစ္စည်းအဝင်နည်းသွားပြီး ပုံမှန် အရောင်းအဝယ်ဖြစ်နေကြောင်း အက်စစ်လွတ်နှမ်းများမှာ ထိပ်စ ဈေးကောင်းရရှိနေကြောင်း ဈေး နှုန်းအတက်အကျနည်းကြောင်း နှမ်းကုန်သည်တစ်ဦးက ပြောသည်။

     ဖေဖော်ဝါရီ ၆ ရက်တွင် ပို့ကုန် မတ်ပဲ(အသစ်)တစ်အိတ် လျှင်ငွေကျပ် ၂၇၇၀၀၀၊ ပဲစင်းငုံ မှာ ပဲနှမ်းဈေးကွက်အတွင်း စတင်ဝင်ရောက်လာရာ သုံးတင်း ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀ ခန့် ပေါက်ဈေးရှိနေ သည်။ ပဲတီစိမ်း(အညာ)တစ် အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀ ပေါက်ဈေး ရှိနေသည်။   

    အသစ်ဝင် ပဲမာလိုင်းများမှာ ပဲလွန်းဖြူပိဿာ ၆၀ တစ်အိတ် လျှင် ငွေကျပ် ၂၅၅၀၀၀၊ ပဲလွန်း ပြာ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၁၅၀၀၀၊ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေ ကျပ် ၃၈၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ မြေပဲလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၉၇၀၀- ၉၇၅၀ ပေါက် ဈေးရှိနေသည်။

    နှမ်းမျိုးစုံမှာ ဈေးကွက်မှာ ဖေဖော်ဝါရီ ၆ ရက်တွင် နှမ်း နက်(စမုန်)အက်စစ်လွတ်ထိပ်စ တစ်အိတ်လျှင် ငွေကျပ် ၇၁၀၀၀၀- ၇၁၅၀၀၀၊ အက်စစ်မလွတ် ၆၈၅၀၀၀-၆၉၀၀၀၀ ပေါက် ဈေးရှိနေပြီး ဈေးကွက်အတွင်း နှမ်းမျိုးစုံ ဝင်ရောက်မှု နည်းပါး သွားကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    ✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
7
comments
1
views
1849
cover
cover
cover
cover
cover