ဂဏန်းမွေးမြူရာတွင် အစာကျွေးခြင်း🦀🦀🦀
- ဂဏန်းများသည် အသားစားသတ္တဝါဖြစ်ပါသည်။ ပရိုတိန်း ၃၅ မှ ၄၀ ရာခိုင်နှုန်းပါသော အစာကို ကျွေးပေးရပါမည်။ (၁၆) ဂရမ်အောက် ဂဏန်းများမွေးမြူသဖြင့် အစာကျွေးရာတွင် တစ်နေ့လျှင် (၃)ကြိမ်ကျွေးပေးရပါမည်။ သုံးကျပ်သားအကျော် (၅၀ရမ်)ရောက်ရှိပါက တစ်နေ့လျှင် အစာနှစ်ကြိမ်ကြွေးပေးရပါမည်။ အစာကျွေးရာတွင် ဂဏန်းအလေးချိန် စုစုပေါင်း၏ (၁၀)ရာခိုင်မှ (၃)ရာခိုင်နှုန်းအထိ အရွယ်အစားအလိုက် ကျွေးပေးရပါမည်။ အစာကျွေးရာတွင် တစ်နေ့ကျွေးရမည့် အစာတွင် မနက်ပိုင်း (၄၀)ရာခိုင်နှုန်း နှင့် ညနေပိုင်းတွင် (၆၀)ရာခိုင်နှုန်းကျွေးပေးရပါမည်။ - ဂဏန်းများ အစာစားခြင်းသည် ကန်ရေ၏ အပူချိန်ပေါ်တွင် မူတည်ပါသည်။ 25°C အောက်တွင် အစာစား ခြင်း လွန်စွာနည်းပါသည်။ ထို့ကြောင့် ကန်ရေအပူချိန်ကို စမ်းသပ်ပြီးမှ အစာကျွေးသင့်ပါကြောင်း တင်ပြအပ်ပါ သည်။ ဂဏန်းကန်များတွင် ကန်ရေအပူချိန်သည် 35°C အထိ နေထိုင်နိုင်ကြပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဂဏန်းစာအဖြစ် သီးသန့်ထုတ်လုပ်ခြင်းနည်းပါသဖြင့် ဂဏန်း၏အစာအဖြစ် ဒေသတွင်ရှိသော ခရုများ၊ ယောက် သွားများ ငါးနှုတ်၊ ငါးဖွဲများကို ကျွေးမွေးနိုင်ပါသည်။ လက်ရှိ ရေငန်ဒေသနှင့် ရေချိုရေငန်စပ်ဒေသများတွင် ငါးဖမ်း ဆီးသူများရှိနေသဖြင့် ငါးနှုတ်၊ ငါးဖွဲများ ပေါများစွာ ရရှိနိုင်ပါသည်။ အစာကို စနစ်တကျကျွေးခြင်းနှင့် ကန်ရေ၏ အရည်အသွေးကို ကောင်းစွာထိန်းသိမ်းနိုင်ပါက ဂဏန်းအသေအပျောက်နည်းပြီး ပုံမှန်ကြီးထွားနိုင်ပါသည်။ - မွေးမြူသောကာလ ဂဏန်းတစ်ကောင်အလေးချိန် ဂဏန်းစုစုပေါင်းအလေးချိန်၏ အစာ% - ပထမလ ၁၆ ဂရမ်အောက် ၁၀ % - ဒုတိယလ ၂၀ ဂရမ်အောက် ၈ မှ ၆ % - တတိယလ ၃၀ ဂရမ် ၆ မှ ၅ % - စတုတ္ထလ ၄၀ ဂရမ် ၅ မှ ၄ % - ပဥ္စမလ ၅၀ ဂရမ် ၄ မှ ၃ % - U San Aung - Htwet Toe - -------------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
