ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ပဲခူးတိုင်း ၂၀၂၅ ခုနှစ် ၂၆ ရက်နေ့ မိုးရွာနိုင်ပြီး ၂၇ ရက်နေ့ မှ မတ်လ ၃ ရက်နေ့အထိ ရာသီဥတု ကြည်လင်သာယာသွားစေနိုင်ပါတယ်။ - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - - ဈေးကွက်တန်းဝင် ငါးအရွယ်ရောက်နေပြီဆိုပါက ကန်ဖော်ရန် အသင့်လျော်ဆုံးအချိန်ကာလ ဖြစ်ပါကြောင်း၊ - - ကန်ဖော်ပြီးငါးများကို အအေးခန်းပါသည့်ကားများ သို့မဟုတ် ရေခဲပုံးများဖြင့် စနစ်တကျ ထည့်၍ သယ်ယူပို့ဆောင်ရန်၊ - - ဈေးကွက်တန်းဝင်မရောက်သေးဘဲ ဆက်လက်မွေးမြူမည့် ကန်သမားများအနေဖြင့် ရေအရည် အသွေးကို စစ်ဆေးပေးရမည့်ကာလဖြစ်ပါကြောင်း၊ - - ကန်ရေအရည်သွေးဟာ အရောင်မရှိဖြစ်နေလား၊ မဲနေလား၊ သံချေးရောင်ဖြစ်နေလား၊ နွံရောင် ဖြစ်နေလား သေချာစစ်ဆေးရန်နှင့် အဆိုပါအရောင်များဖြစ်နေပါက ကန်ရေပြန်လည် ကြည်လင်စိမ်းနေစေရေး ဆောင်ရွက်ရန်၊ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
