“ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံထူးသူများ (၁၉,၂၀)”
- စိုက်ပျိုးရေးနှင့် ငါးမွေးတောင်သူကြီးများ နေ့စဥ် မဖြစ်မနေကြုံတွေ့နေရသော ရာသီဥတု ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းများကြောင့် ဖြစ်ပွားနိုင်သော၊ ဖြစ်ပွားတတ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ခုခံနိုင်စွမ်းအားပိုမို ရရှိနိုင်ရန် ရည်ရွယ်ပြီး ထွက်တိုး နှင့် အခြားမိတ်ဖတ် အဖွဲ့ အစည်းများ မှ တောင်သူများနားလည်လွယ် အောင် ဗီဒီယိုအဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။ - (၁၉) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ - - စပါးသိုလှောင်မည်ဆိုပါက အစိုဓာတ်ပါဝင်မှု ပုံမှန်အားဖြင့် 12-14% ရှိသင့်ပါသည်။ အဘယ်ကြောင့်ဆိုလျှင် အစိုဓါတ်များပါက အပင်များအညှောင့်ပေါက်ခြင်း၊ မှိုတက်ခြင်း စသောပြဿနာများဖြင့်ကြုံတွေ့ရတတ်ပါသည်။ စက် သို့မဟုတ် နေ ရောင်အောက်အခြောက်ခံခြင်းများဖြင့်အခြောက်ခံနိုင်သည်။ စက်ဖြင့်အသုံးပြုပါက ရာသီဥတု အခြေအနေကို မူတည်စရာမလိုသောကြောင့်ပိုမိုကောင်းမွန်ထိရောက်စေနိင်ပါသည်။ - ထို့ကြောင့် အဖြေမှန်မှာ (က) မှန် ဖြစ်သည်။ - (၂၀) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ - - ရာသီဥတုပြောင်းလဲမှုသည် လယ်ယာလုပ်ငန်းကို သိသိသာသာ သက်ရောက်မှုရှိပြီး သီးနှံအထွက်နှုန်း၊ ရေရရှိနိုင်မှုနှင့် ပိုးမွှားနှင့် ရောဂါများအဖြစ်များလာမှုကို ထိခိုက်စေပါသည်။ ဤသည်မှာ အချို့သော အဓိကအကျိုးသက်ရောက်မှုများကို ဗီဒီယို လင့် မှာလေ့လာနိုင်ပါတယ်။ - ထို့ကြောင့် အဖြေမှန်မှာ (က) မှန်/ရှိပါတယ် ဖြစ်သည်။ - ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုး Chat box မှတစ်ဆင့်ဆက်သွယ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ - ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့ - ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။ - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။ 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
