ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ မတ်လ ၁ ရက်နေ့မှ ၁၀ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ရာသီဥတု ကောင်းမွန်ကြည်လင်သာယာစေနိုင်ပါတယ်။ - Source: Su Su San - ရှမ်းပြည်နယ်အတွင်းရှိ ကြက်သွန်စိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - တောင်သူကြီးများကြက်သွန်စိုက်ခင်းတွေမှာ လှေးပိုးအန္တရာယ်ကြုံတွေ့နေရပြီဆိုရင် - • စိုက်ခင်းအပူချိန်မြင့်ရင် လှေးပိုးပွားများနှုန်းမြန်တာကြောင့် စိုက်ခင်းအစိုဓာတ်ကိုချိန်ညှိပေးပါ။ - • အပင်အပေါ်မှ ရေဖျန်းစနစ်ဖြင့်ရေပေးပါ။ - • ကြက်သွန်ဘောင်မြေကြီးကို ကောက်ရိုးများအသုံးပြု၍ ဖုံးအုပ်စိုက်ပျိုးပါ။ - • နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးတွေ အလွန်အကျွံမသုံးပါနဲ့။ - • အပြာရောင်ပိုးကပ်ထောင်ချောက် (Blue Sticky Trap) များအသုံးပြုပါ။ - • ဓာတုဆေးအနေနဲ့ Fipronil, Acetamiprid, Spinosad တို့လိုဆေးမျိုး တစ်လှည့်စီအသုံးပြုနိုင်ပါတယ်။ - ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် - - ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ ငါးများရောဂါမကျအောင် ကြိုတင်ကာကွယ်ရန်၊ - - အမိုးနီးယား အဆိပ်အတောက်မဖြစ်စေရန် အစာကို လိုအပ်သလောက်သာကျွေးရန်၊ - - အနွေးဓါတ်ဝင်ချိန် နံနက် ၉:ဝဝ နာရီမှ ညနေ ၃:ဝဝ အတွင်းသာ အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊ - - ငါးရဲ့ ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ အစာကျွေးရန်၊ - - အေးတဲ့ရာသီဥတုမှာ ငါးတွေ စိတ်ဖိစီးမှုလျော့စေဖို့နဲ့ ခုခံအားတက်စေဖို့ ဗိုက်တာမင်စီကို အစာနဲ့ ရောကျွေးရန်၊ - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
