ငါးမွေးကန်များ ငါးဖမ်းဆီးပြီးနောက် ဆောင်ရွက်သင့်သောအချက်များ
- ယခုအချိန်ကာလတွင် ငါးမွေးတောင်သူအချို့သည် တစ်ကန်လုံး ငါးဖမ်းခြင်းနှင့် တစ်ဝက်တစ်ပျက်ငါးဖမ်း ခြင်း ကိုဆောင်ရွက်ကြပါသည်။ နွေရာသီ မရောက်မှီ ယခုလပိုင်းများတွင် စားသုံးသူများလိုအပ်ချက်အရ၊ ငါးဈေး ကောင်းသဖြင့် ငါးဖမ်းရောင်းချသူများလည်း ရှိကြပါသည်။ - ကန်အတွင်းမှ ဖမ်းဆီးရမိသော ငါးမျိုးစုံသည် ငါးမျိုးစိတ်အလိုက် သတ်မှတ်ဈေးများ ရရှိကြပါသည်။ သို့ သော် ငါးထုတ်ဖော်ရောင်းချချိန်တွင် မိမိထုတ်ကုန်များ အရည်အသွေးမကောင်းခြင်း (တနည်းအားဖြင့် မျက်မြင် တွင် အရောင်အသွေးမကောင်းခြင်း နှင့် ငါးအနည်းငယ် နာနေခြင်း)တို့ကြောင့် သတ်မှတ်ဈေးမရရှိဘဲ ဈေးနည်း ရရှိပြီး ဝင်ငွေကျဆင်းတတ်ပါသည်။ - ထို့ကြောင့် ငါးဖမ်းဆီးပြီးနောက် စီမံခန့်ခွဲရာတွင် အရေးကြီးသော အချက်များဖြင့် မိမိတို့ထုတ်ကုန်များ တန်ဖိုး မကျစေရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်- - ၁။ကန်အတွင်းမှ ငါးဖမ်းဆီးရာတွင် အချိန်ကြာစွာ ဖမ်းဆီးပါက၊ ငါးများထိခိုက်မှု ရှိနိုင်ပါသည်။ အချိန်ပါက ပိုက် အတွင်း ငါးများကြာရှည်စွာ နေရသဖြင့် ပွန်းပဲ့ခြင်း၊ သွေးထွက်ခြင်း နှင့် ရွံနွံများ ငါးကိုယ်အတွင်းရောက်ရှိနိုင်ပါ သည်။ ထို့နောက် ငါးဖမ်းဆီးချိန်ကို လူအားသုံးပြီး အမြန်ဆုံးဖမ်းဆီးနိုင်ရန် အကြံပြုအပ်ပါသည်။ - ၂။ဖမ်းဆီးရမိသော ငါးများကို သယ်ယူရာတွင် ပုံးများ၊ ခြင်းတောင်းများဖြင့် သယ်ယူကြပါသည်။ သယ်ယူရာတွင် ပုံးနှင့် ခြင်းတောင်းအတွင်း ချောင်ချိစွာထားပြီး သယ်ယူပါ။ - ၃။ငါးများစုပုံထားမည့်နေရာတွင် ဖုံကင်းစေရန်နှင့် သန့်ရှင်းစေရန်လိုအပ်ပါသည်။ အနီးအနားတွင် ညစ်ပေသော အရာများ ရှင်းထားသင့်ပါသည်။ - ၄။ဖမ်းမိသော ငါးများကို အရောင်းဌာနသို့ပို့ရန်အတွက် ရေခဲ မရိုက်မှီ ငါးများကို စင်ကြယ်စွာရေချို နှင့်ဆေးကြော ပေးပါ။ ထို့နောက် ရေစစ်ပြီး နေမပူစေရန် ဖုံးအုပ်ထားပါ။ - ၅။ ငါးများချိန်တွယ်ပြီး ငါးများမပုတ်မသိုးစေရန် ရေခဲရိုက်ရပါမည်။ ရေခဲရိုက်ရာတွင် ခရီးအကွာအဝေးအလိုက် ရေခဲကို အသုံးပြုရမည့်အချိုးသည် အရေးကြီးပါသည်။ သို့မှသာ ငါးများလတ်ဆတ်ပြီး အရည်အသွေးကောင်း မွန်ပါသည်။ ငါးနှင့် ရေခဲ အချိုးကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ - ငါးနှင့် ရေခဲအချိုး ရေခဲပျော်ရန် ကြာချိန် - ၁ : ၁ ၁၇ နာရီ - ၁ : ၄ ၆ နာရီ - ၁ : ၆ ၅ နာရီ - ✦✦✦✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများနဲ့ပတ်သတ်ပြီး ဖုန်းခေါ်မေးမြန်းနိုင်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
