အင်ဇိုင်းကြောင့် ငါး၊ ပုစွန်များ အရည်အသွေးကျဆင်းမှုကို ဟန့်တားနိုင်ရန်
- ကိုယ်တွင်းရှိသော အဆိုပါ ဖျက်ဆီးမှုဆိုးကျိုးမှာ သေဆုံးပြီးချိန်တွင် ဖြစ်ပေါ်တတ်သော်လည်း ထင် ရှားသော ဆိုးကျိုးကို အကြောင်းပြုပြီး အောက်ပါအတိုင်း သတ်မှတ်နိုင်ပါသည်။ - အင်ဇိုင်းဓာတ်ပြောင်းလဲခြင်းကြောင့် ပျက်စီးရခြင်း - ၁။ ဦးစွာထင်ရှားပြသသော လက္ခဏာမှာ သေဆုံးပြီးနောက် တောင့်တင်းမာကျောမှုအဆင့်များ ဖြစ်ပါသည်။ - ၂။ အသားတွင်းတွင် သကြားဓါတ်ကို ဆက်သုံးရန် အသက်မရှိတော့သဖြင့် သကြားမှ အချဉ်ဓါတ်ပေါက်ပြီး ချဉ် ဖန်နှုန်းကျဆင်းလာပြီး အက်စစ်ဓာတ်သည် အသားကိုမာစေသည်။ တောင့်တင်းအောင် ဆွဲကျုံ့လိုက်သဖြင့် အရွယ်အစား သေးငယ်သွားသည်။ - ၃။ ပုစွန်များတွင် မီလနင်ကွန်ပေါင်းပါဝင်မှုကြောင့် အင်ဇိုင်းအပြောင်းအလဲတွင် အမဲစက်ဖြစ်ပေါ်စေသည်။ ရေယက်၊ လမ်းလျှောက်ခြေထောက် နှင့် ဦးခေါင်းပိုင်းမှ ဝမ်းဗိုက်အထိ တစတစ ကျယ်ပြန့်လာပြီး အမဲစက် အကြီးများအဖြစ် ပြောင်းလဲသွားသည်။ - ၄။ အေးအောင် ရေခဲရိုတ်ထားပါက အင်ဇိုင်းသတ္တိကုန်အောင် (၈-၁၀)နာရီ အထိ ငါးအမျိုးအစားအလိုက် ကြာမြင့်နိုင်သည်။ - ၅။ အပူပေးချက်လိုက်လျှင် အပူချိန် ၆၅ စင်တီဂရိတ်အထက် ချက်ခြင်း၊ ပြုတ်ခြင်း၊ ကြော်ခြင်းပြုလုပ်ထားလျှင် အင်ဇိုင်းပျက်စီးမှုများရပ်ပြီး ပျက်ပြယ်ကုန်ပါသည်။ - ၆။ အင်ဇိုင်းဖျက်ဆီးမှုကြောင့် ငါးများတွင် အစာလမ်းကြောင်း အင်ဇိုင်းလောင်သဖြင့် စိမ်းရွှေရွှေအနံ့ထွက်စေပြီး ဗိုက်ပေါက်လာပါသည်။ - ၇။ ဝမ်းဗိုက် အစာအိမ်အူလမ်းကြောင်းများနှင့် ထိစပ်နေသော အသားများ အစိမ်းရောင်မှ အမဲရောင်သို့ဖြစ်ပေါ် စေပြီး အရသာခါး၊ အသားပျော့ခြင်းကို ဖြစ်ပေါ်စေပါသည်။ - ၈။ ၄င်းဖျက်ဆီးမှုကို ကာကွယ်ရန်မှာ ငါးကို ဗိုက်ဖောက် အူထုတ် ရေဆေးခြင်းနှင့် ပုစွန်ဖြစ်ပါက ခေါင်းဖြုတ် အူထုတ် ရေသန့်စင်အောင်ဆေးခြင်းကို သုံးနိုင်ပါသည်။ - U San Aung - Htwet Toe - ------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
