စပါးအခြောက်ခံ သိုလှောင်ရာတွင် ဂရုပြုသင့်သည့်အချက်များ
- အခြောက်ခံခြင်း - ------------- - ▪️ ခြွေလှေ့ပြီးသော စပါးများကို မိုးကာ(သို့မဟုတ်) ပလတ်စတစ်စပေါ် ဖြန့်ခင်းပြီး နေပူထဲ၌ အခြောက်လှန်းနိုင်သည်။ - ▪️ စပါးအခြောက်လှန်းသည့်အခါ နာရီဝက်တစ်ခါ အထက်အောက်လှန်ပေးရမည်။ - ▪️ စပါးကို ဖြေးဖြေးခြင်းအခြောက်ခံပါက စပါးကြိတ်သည့်အခါ ကျိုးပဲ့ပျက်စီးမှုနှုန်းလျှော့နည်းစေပါတယ်။ မြန်မြန်အခြောက်ခံခြင်းသည် စပါးကြိတ်သည့်အချိန်တွင် ကျိုးပဲ့ပျက်စီးမှုကို ပိုများစေပါတယ်။ - ▪️ နေရောင်ခြည်ဖြင့် (၂-၃) ရက်ခန့်အခြောက်ခံခြင်းသည် အကောင်းဆုံးဖြစ်သည်။ - သန့်စင်ခြင်း - ---------- - ▪️ စပါးကို ဖုန်၊ သဲ၊ အမှိုက်၊ အဖျင်း အမှော်၊ တခြားသော အစေ့အဆန်များ ရောပါ မလာအောင် ခြွေလှေ့၍ အခြောက်ခုံပြီးသည့်အခါ သေချာသန့်စင်ဖို့ လိုအပ်ပါသည်။ - ▪️ စပါးကို ဆန်စက်ထဲကိုထည့်ကြိတ်သည့်အခါ အဖျင်းအမှော် နှင့် ဖုန်၊ သဲ၊ ခဲ များရောပါနေမယ်ဆိုရင် စပါး၏ အလေးချိန်ကိုသာတိုးစေပြီး သန့်စင်သည့်ဆန်ကိုရရှိမည်မဟုတ်နိုင်ပါ။ စားသုံးဖို့ရည်ရွယ်ပြီး ကြိတ်သည့်စပါးကို သေချာခြောက်သွေ့ပြီး သန့်စင်မှသာလျှင် အရည်အသွေးကောင်းတဲ့ဆန်ကိုရရှိမှာဖြစ်ပါသည်။ - ▪️ သန့်စင်မှုမရှိတဲ့စပါး၊ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ကျောက်စရစ်ခဲများပါသည့်စပါးကို ဆန်အဖြစ်ကြိတ်ခွဲဖို့အတွက် မရွေးချယ်သင့်ပါ။ - ချိန်တွယ်ခြင်း - ----------- - ချိန်တွယ်ခြင်းတွင် စပါးမကြိတ်ခင်အဆင့်တွင် ချိန်ခြင်းနှင့် ကြိတ်ပြီးနောက် ဆန်တင်းအရေအတွက် ဘယ်လောက်ရရှိနိုင်မလဲဆိုတာကို ခန့်မှန်းတွက်ချက်တာတွေပါဝင်ပါတယ်။ စပါး မကြိတ်ခင်မှာလည်း တိကျစွာချိန်တွယ်ဖို့လိုအပ်သလို ကြိတ်ပြီးရရှိလာတဲ့ ဆန်တင်းအရေအတွက်ကိုလည်း ချိန်တွယ်ဖို့ လိုအပ်ပါတယ်။ - ကြိတ်ခွဲခြင်း - ---------- - စပါးကို စားသုံးဖို့တွက်ကြိတ်ခွဲတဲ့အခါ ဖုန်၊ သဲ၊ ခဲ နှင့် အမှိုက်ကင်းစင်ပြီး ကောင်းစွာခြောက်သွေ့ နေရပါမည်။ အဖျင်း အမှော် နှင့် ဖုန်၊ သဲ၊ ခဲ ပါနေတဲ့ စပါးဖြစ်လျှင် မကြိတ်ခွဲခင်ကောင်းစွာ သန့်စင်ဖို့တော့ လိုအပ်ပါသည်။ - စပါး သိုလှောင်ခြင်း - ----------------- - ▪️ စပါးစေ့များ အစိုဓာတ်နည်းလာပြီး ခြောက်သွေ့မာကြောလာမှသာ(သိရှိနိုင်ရန် အချို့သော စပါးစေ့များကို ကိုက်ကြည့်ပါ) ကာလကြာရှည် သိုလှောင်နိုင်မည် ဖြစ်ပါတယ်။ - ▪️ စပါးသိုလှောင်ဖို့အတွက် အစိုဓါတ်( ၁၀- ၁၂%)ခန့် ရှိရမည်။ - ▪️ စပါးအိတ်များကို မြေကြီးနှင့်ကပ်မနေစေဘဲ စင်ထိုးပြီး စနစ်တကျ သိုလှောင်ရမည်။ - ▪️ စပါးကို ကာလကြာရှည်သိုလှောင်နိုင်ဖို့အတွက် အစိုဓါတ်နည်းဖို့လိုအပ်ပါတယ်။ - ▪️ သိုလှောင်သည့် စပါးအိတ်ထဲမှာပါရှိတဲ့ စပါးစေ့၏ အစိုဓါတ်ရာခိုင်နှုန်းမြင့်နေမယ်ဆိုရင် အပူဓါတ်နှင့် အငွေ့လျှော့သွားစေရန် စပါးအိတ်ကို ဖွင့်ထားပေးဖို့ လိုအပ်ပါသည်။ ဒါမှမဟုတ် အစိုဓါတ်မြင့်နေသည့် စပါးများကို သန့်ရှင်းခြောက်သွေ့တဲ့ အခန်းထဲမှာပလတ်စတစ်ခင်းပြီး ဖြန့်ထားနိုင်ပါတယ်။ - ▪️ သိုလှောင်ထာသည့် စပါးအိတ်ကို ကြွက်၊ ငှက်နှင့် တခြားသော ပိုမွှားများ ဖျက်ဆီးခြင်း၊ မိုးရေစိုခြင်း မဖြစ်အောင် ဂရုစိုက်ရမည်။ - ▪️ စပါးများကို အိတ်များအတွင်း ထည့်သွင်းသိမ်းဆည်းပါက အိတ်အမြင့်ကို (၁၂)ပေ (၄မီတာ)ထက် မကျော်စေရန် သတိပြုပါ။ - ▪️ စပါးထည့်သွင်း သိမ်းဆည်းထားသည့် အိတ်များကို အမိုးအောက်၊ စပါးကျီ သို့မဟုတ် ရေစိုခံတာပေါ်လင်စများအောက်တွင် လုံခြုံစွာထားရှိပါ။ - ▪️ အကယ်၍ စပါးများကို ပိုမိုလုံခြုံစွာနှင့် ပိုမိုကြာရှည်စွာသိမ်းဆည်းချင်ပါက လေလုံအောင်ချိတ်ပိတ်သိုလှောင်ရသည့် လေလုံသိုလှောင်နည်းစနစ်သည် အကောင်းဆုံးဖြစ်ပြီး ၎င်းသိုလှောင်နည်းစနစ်က စပါးနှံများကို အစိုပြန်ခြင်းနှင့် ပိုးမွှားများရန်မှ ကာကွယ်ပေးမည် ဖြစ်ပေသည်။ - Sources : စိုက်ပျိုးရေးနည်းပညာ ဗဟုသုတများ - --------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
