ရန်ကုန်၊ဧရာဝတီတိုင်း စျေးကွက်ရှိ ဆန်စျေးနှုန်းများနှင့် သုံးသပ်ခန့်မှန်းခြင်း
- ရန်ကုန်ဈေးကွက်ရှိ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)တွင် ဆန် တစ်တင်းခွဲအိတ် ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဖျာပုံပေါ်ဈေးဆန်း၊ ဒေးဒရဲပေါ်ဆန်းမွှေး တို့၏ စျေးတန်း မှာ ၂၀၂၅ခုနှစ်၊ မတ်လတွင် ၁၂၅,၀၀ဝိ/-ကျပ် ဝန်းကျင် ရှိနေပြီး ရွှေဘိုပေါ်ဆန်းကတော့ ၁၃၅,၀၀ဝိ/-ကျပ် ဝန်းကျင်၊ နှင့် ဆန်(ဧည့်မထ ၂၅%) ကတော့ ၆၅၀၀ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ - ယခင်လ (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ)နှင့် ယခုလ (၂၀၂၅ ခုနှစ်၊ မတ်လ)နှိုင်းယှဉ်ခြင်း - ၂၀၂၅ ခုနှစ်၊ မတ်လ၊ ဖျာပုံပေါ်ဆန်းမွှေး တစ်တင်းခွဲ ပျမ်းမျှဈေးနှုန်းများကို လေ့လာ သော် ယခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လနှင့် ယှဉ်လျှင် ၆,၂၅ဝိ/-ကျပ် စျေးတက်လာတာကို တွေ့ရပါတယ်။ ဒေးဒရဲပေါ်ဆန်းမွှေး နှင့် မြောင်းမြ၊ပုသိမ်ပေါ်ဆန်းမွှေး ဈေးနှုန်းမှာ ၄,၃၇ဝိ/-ကျပ် တက်လာနေပြီး ၊ဧည့်မထ ဈေးနှုန်းမှာ ၅,၁၂၅ိ/-ကျပ်ဖြင့် ဈေးကျနေတာကို တွေ့ရပါတယ်။ - ၂၀၂၅ ခုနှစ် မတ်လ အတွင်း ဖြစ်ပေါ်ခဲ့သော ပေါ်ဆန်းမွှေး ဆန်စျေးနှုန်းများ - ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်စျေးကွက်တွင် ပေါ်ဆန်းမွှေးတစ်တင်းခွဲအိတ် တစ်အိတ်ကို ၁၁၅,၀၀ဝိ/-ကျပ်၊ မြောင်းမြစျေး ကွက်တွင် ပေါ်ဆန်းမွှေးတစ်တင်းခွဲအိတ် တစ်အိတ်ကို ၁၁၀,၀၀ဝိ/-ကျပ်၊ ဖျာပုံစျေးကွက်တွင်ပေါ်ဆန်းမွှေးတစ်တင်းခွဲအိတ် တစ်အိတ်ကို ၁၁၇,၀၀ဝိ/-ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတာကိုတွေ့ရပါတယ်။ - ဈေးကွက် သုံးသပ်ခန့်မှန်းချက် - ၂၀၂၅ ပထမ (၃) လအတွင်း ရန်ကုန် (ဝါးတန်း) စျေးကွက် မှာတော့ ပေါ်ဆန်းဆန်စျေးဆက်တိုက်ဆိုသလို တက်လာခဲ့ပြီး တဖြည်းဖြည်းနဲ့ တရွေ့ ရွေ့ထပ်တက်လာနိုင်ပါကြောင်း ခန့်မှန်းပေးလိုက်ရပါတယ်ခင်ဗျာ။ - ကျေးဇူးတင်ပါတယ်။ - ထွက်တိုး - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 - ထွက်တိုးငါးတောင်သူများအဖွဲ့_ https://htwettoe.com/organization/စီးပွားဖြစ်ငါးမွေးမြူရေး 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
