အရမ်းကိုမှ ရိုးရှင်းပြီး လုပ်ရလွယ်တဲ့ ဒူးရင်းယိုလုပ်စားကြည့်ရအောင်
 
- ပါ၀င်ပစ္စည်းများ - - ၁ ။ အသားထူထူ (သို့) အသားပေါသည့်ဒူးရင်းသီးတစ်လုံး - ၂ ။ ပဲဆီ (သို့ )နေကြာဆီ ( သို့) ထောပတ်ဆီ - ၃ ။ သကြား ၃ ဇွန်းခန့် ၊ အချိုကြိုက်တဲ့သူတွေကပိုထည့်ပါ။ အသီးအချိုပေါ်မူတည်ပြီး သကြားလိုအပ် ကို ထည့်ပါ - ၄ ။ ဆား လက်ဖက်ရည်ဇွန်း အနည်းငယ် - ၅ ။ ဟင်းနံ့ မနံ စေရန် ယိုထိုးမည်အိုး အား တတ်နိုင်လျှင် အသစ် သုံးပါ။ သေချာ အခြောက်ခံ သန့်စင်ပါ။ - ပြုလုပ်နည်း - ပထမဆုံး သကြား ၃ ဇွန်းကို ရေနည်းနည်းထည့်ပြီး အိုးကပ်တဲ့အထိ ကျိုပါ။ - ညိုလာလျှင် ရေအနည်းငယ်ထည့်ပြီး အသားနွှင်ထားသော ဒူးရင်းသီးများထည့်၍ အဆက်မပြတ်မွှေပါ။ - ရေခမ်းခါနီးလျှင် ဆီ ၃ ဇွန်းကိုထည့်ပြီး အိုးမကပ်တော့တဲ့အထိ အဆက်မပြတ်မွှေပေးပါ။ အိုးမကပ်စေရန်ဆီကို ခဏ ခဏ ထည့်ပါ။ ထောပတ်ဆီ ထည့်လျှင် ဒူးရင်းသီးအနံ့ ပျောက်တတ်ပါသည်။ ဒူးရင်းသီးအနံ့မကြိုက်သော မိတ်ဆွေများ လက်ဆောင်ပေးလိုလျှင် ထောပတ်ဆီသုံးပါ။ - မိမိ စိတ်ကြိုက် အပျော့အမာ အနေအထားရောက်လျှင် ဆီ ခပ်ဝင်းဝင်း အိအိလေး နှင့်ထား ၍ မီးဖိုမှ ချအအေးခံပါ။ - ပြီးလျှင်မိမိ စိတ်တိုင်းကျ စားသုံးနိုင်ပါပြီ....... - မူရင်းရေးသားသူအား crd ပေးအပ်ပါသည်။ - --------- - ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
