cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
မန္တလေးတိုင်းမှာ ငရုတ်စိုက်တောင်သူများအနေနဲ့ လက်ရှိရာသီဥတု ပူပြင်းလာတာနဲ့အမျှ ယင်ဖြူပွါးများမှု များလာနိုင်ပါတယ်
  • ၂၀၂၅ မတ်လ ၂၈ရက်နေ့မှ ဧပြီလ ၃ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိဘဲ ပူပြင်းခြောက်သွေ့နိုင်ပါတယ်။

    Weather Source: Su Su San 

    မန္တလေးတိုင်းမှာ ငရုတ်စိုက်တောင်သူများအနေနဲ့ လက်ရှိရာသီဥတု ပူပြင်းလာတာနဲ့အမျှ ယင်ဖြူပွါးများမှု များလာနိုင်ပါတယ် 

    ယင်ဖြူကျပြီဆိုရင် အပင်ကို လက်နဲ့ယမ်းကြည့်လိုက်လျှင် အကောင်ဖြူလေးတွေ ထပြန်သွားတာတွေ့နိုင်ပါတယ် 

    အပူချိန်အရမ်းမြင့်တဲ့အတွက် အပင်ပေါ်ရေဖျန်းတဲ့စနစ်သုံးပြီး အစိုဓါတ်ကို ထိန်းထားပေးပါ 

    အဝါရောင် ပိုးကပ်ထောင်ခြောက်များ အသုံးပြုပါ 

    တမာပိုးသတ်ဆေးအသုံးပြုပါ 

    ဗိုင်းရပ်စ်ရောဂါကို ပြန့်နှံ့စေတဲ့အတွက် အပင်နူ၍ အရွက်သေး ပုနေတဲ့ ရောဂါကျအပင်တွေ့လျှင် ချက်ချင်းနှုတ်ယူ ဖယ်ရှားပြီး စိုက်ခင်းနဲ့ဝေးရာကို စွန့်ပစ်ပါ 

    Spinosad, Spirotetramat, Dinotefuran စတဲ့ပိုးသတ်ဆေးများကို တလှည့်စီ ဖျန်းပေးနိုင်ပါတယ် 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    • မန္တလေးတိုင်းတွင် အပူချိန်မြင့်သော ကာလဖြစ်သဖြင့် 
    • ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကိုထိန်းထားခြင်း အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။ 
    •  
    • ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။ အဲ့ဒါမှ ရောဂါဖြစ်စေသောဘက်တီးရီးယား (Pathogenic Bacteria) ပေါက်ပွားမှုနည်းပါမည်။ ငါးများအတွက် လိုအပ်သောအောက်စီဂျင်ပမာဏရမှသာ ငါးများတွင် ဖိစီးမှု (Stress)မရှိပဲ ကိုယ်ခံအား (Immunity)ကောင်းပြီး ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ 
    • (3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူ မဝဖြစ်စေပြီး သေဆုံးတတ်ပါသည်။ 
    • ကန်ရေ၏ အတိမ်အနက်သည် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ပြန့်နှံ့စေခြင်းကို ဖြစ်စေပါသည်။ အပူပိုင်း ဇုံ တွင် မွေးမြူသော ငါးများအတွက် ကန်ရေအနက်သည် (၅)ပေမှ (၆)ပေခွဲ ထားရှိရပါမည်။ ပုစွန်ကန်များအတွက် ကန်ရေအနက်သည် (၄)ပေ မှ (၆)ပေအထိထားရှိရပါမည်။  

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
7803
cover
cover
cover
cover
cover