ကလေးများ အဆိပ်ရှိတဲ့လေ ရှူသွင်းမိခြင်းမှ ကာကွယ်ရန်
 
- "လေထုညစ်ညမ်းမှုက ဘာကြောင့် ကလေးတွေအတွက် အန္တရာယ်များရတာလဲ" - လေထုညစ်ညမ်းမှုဟာ အကြောင်းအမျိုးမျိုးကြောင့် ကလေးတွေအတွက် အန္တရာယ်ရှိပါတယ် - - • ကလေးတွေဟာ လူကြီးတွေထက် အရွယ်အစားပိုသေးငယ်ပြီး အသက်ရှူတာ ပိုမြန်ပါတယ်။ ဒါကြောင့် ညစ်ညမ်းပစ္စည်းတွေကိုလည်း ရှူသွင်းမှု ပိုပြီးများပါတယ်။ - • ကလေးတွေရဲ့ နှာခေါင်းပေါက်တွေက ညစ်ညမ်းပစ္စည်းတွေကို စစ်ထုတ်ရာမှာ ထိရောက်မှုနည်းတာကြောင့် လေထဲကနေ ပိုပြီးစုပ်ယူနိုင်ပါတယ်။ - • ကလေးတွေဟာ မြေကြီးနဲ့ပိုနီးကပ်တဲ့ လေကို ရှူကြရတဲ့အတွက် ဖုန်မှုန့်နှင့် ယာဉ်တွေရဲ့ အင်ဂျင်ကထုတ်လွှတ်တဲ့ အခိုးအငွေ့တွေရဲ့ သက်ရောက်မှုက သူတို့အတွက် ပိုများပါတယ်။ - • ကလေးတွေက ကြီးထွားဖွံ့ဖြိုးနေဆဲပါ။ လေထုညစ်ညမ်းမှုဟာ သူတို့ရဲ့ ကြီးထွားလာတဲ့ အဆုတ်၊ ခန္ဓာကိုယ်နဲ့ဦးနှောက်တို့ကို ပျက်စီးစေနိုင်ပြီး တစ်သက်တာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ - • ကလေးတွေရဲ့ ကိုယ်ခံအားစနစ်က လူကြီးတွေထက် ပိုပြီးအားနည်းပါတယ်၊ ဒါကြောင့် သူတို့က ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ အခြားကူးစက်ပိုးတွေ ပိုဝင်လွယ်ပါတယ်။ - "လေထုညစ်ညမ်းမှုက ကလေးတွေကို ဘယ်လိုထိခိုက်စေသလဲ" - ရေရှည်နှင့် ချက်ချင်းကျန်းမာရေးပြဿနာများ - PM2.5 အပါအဝင် ညစ်ညမ်းတဲ့ လေထုထဲရှိ သေးငယ်တဲ့ အဆိပ်အတောက်အမှုန်အမွှားတွေဟာ ကလေးတွေရဲ့ ကြီးထွားနေတဲ့ အဆုတ်ထဲကို ဝင်ရောက်နိုင်ပြီး ပျက်စီးစေနိုင်ပါတယ်။ ဒါဟာ အောက်ပါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ရောဂါတွေနဲ့ ရေရှည်ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ် - • အဆုတ်ရောင်ခြင်း၊ - • လေပြွန်ရောင်ခြင်း၊ - • နာတာရှည်ချောင်းဆိုးခြင်း၊ - • နားပိုးဝင်ခြင်း၊ - • ပန်းနာရင်ကျပ်ရောဂါ၊ - • ဓာတ်မတည့်ခြင်း၊ - • နှင်းခူရောဂါ၊ - • နှလုံးရောဂါ၊ - • ကင်ဆာရော။ - လေထုညစ်ညမ်းမှုဟာ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပြီး လက်ရှိ ကျန်းမာရေးအခြေအနေတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ - ချော်လဲလို့ ဒူးပွန်းတာ၊ ဖျားနာတာတွေနဲ့မတူတာက လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ထိခိုက်ပျက်စီးမှုတွေကို ချက်ချင်းလက်ငင်း မျက်စိနဲ့မမြင်နိုင်တာပါပဲ။ ဒီထိခိုက်မှုတွေက အချိန်ကြာလာတာနဲ့အမျှ တိုးပွားလာပါတယ်။ မိခင်ဝမ်းဗိုက်ထဲနဲ့ မွေးစအရွယ်၊ လေးဘက်သွားအရွယ်တွေမှာ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လူကြီးတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာဖို့ အလားအလာ ပိုပြီးများပါတယ်။ - သေဆုံးခြင်း - တချို့ဖြစ်ရပ်တွေမှာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ကလေးငယ်တွေ အသက်ဆုံးရှုံးရနိုင်ပါတယ်။ - ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နှောင့်နှေးမှုများ - လေထုညစ်ညမ်းမှုဟာ ကလေးတွေရဲ့ သင်ယူမှု၊ အတွေးအခေါ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ - အခွင့်အလမ်းပိုမိုနည်းပါးတဲ့ အနာဂတ် - ညစ်ညမ်းသောလေကိုရှူရှိုက်ခြင်းက ကလေးတွေရဲ့ စွမ်းအင်ကို ဆုတ်ယုတ်စေပြီး၊ ကစားချိန်နဲ့ သင်ယူလေ့လာချိန်တွေမှာ စွမ်းအင်ကိုလျော့နည်းစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ နေမကောင်းတဲ့အတွက် မကြာခဏကျောင်းပျက်ရပြီး သင်ယူလေ့လာရေးနဲ့ ဖွံ့ဖြိုးရေးတွေအတွက် အကန့်အသတ်ရှိစေသလို ပညာရေးစွမ်းဆောင်ရည်ကိုလည်း လျော့ကျစေပါတယ်။ - UNICEF website မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။ - Source: https://www.unicef.org/.../how-can-i-protect-my-child-air... - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
