cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. သတင်းစုံ
"မတ်ပဲ၊ ပဲစင်းငုံ စျေးတန်းအေးပြီး ပဲတီစိမ်းစျေးထပ်တက်လာ၊ ကြက်သွန်နီလည်းအတက်ပြ"
  •  (၂၄. ၃. ၂၀၂၅ မှ ၂၈.၃ ၂၀၂၅)

    မတ်ပဲ

    မတ်ပဲကတော့ မတ်လရဲ့နောက်ဆုံးပတ်မှာ တစ်တန်ကို စျေးအနည်းငယ် အတက်အကျရှိခဲ့ပါတယ်။ တစ်တန်ကို အများဆုံး ၉၅၀၀ ကျပ်လောက်သာ အကျရှိခဲ့တာဖြစ်ပါတယ်။ မတ်ပဲကို အိန္ဒိယအစိုးရက အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ပြုလိုက်ပေမယ့်လည်း စျေးကွက်က တက်မလာဘဲ သိန်း ၃၀ တပတ်လည်ဝန်းကျင်မှာသာအတက်အကျဖြစ်ပေါ်နေတာတွေ့ရ ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လါနေက မတ်ပဲ (FAQ )တစ်တန်ကို ၂၉၉၉၀၀၀ ကျပ်၊အင်္ဂါနေ့မှာ ၂၉၉၂၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၉၅၀၀၀ ကျပ် သောကြာနေ့မှာ ၃၀၀၈၀၀၀ ကျပ်ရှိပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံကလည်း မတ်လ နောက်ဆုံးပတ်မှာ ရုံးဖွင့်တဲ့ပထမ သုံးရက်က စျေးတန်းကျရိပ်ပြပြီး နောက်ဆုံးရက်မှာတော့ စျေးတန်းအနည်းငယ်ပြန်တက်လာတာတွေ့ရပါတယ်။ စျေးတန်းက ပြန်တက်လာတယ်ဆိုပေမယ့်လည်း သိန်း ၃၀ စျေးတန်း အထိမြင့်တက်လာခြင်းမရှိသေးပါဘူ

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လါနေ့မှာ ၂၉၇၀၀၀၀ နဲ့ အင်္ဂါနေ့က ပဲစင်းငုံနီ တစ်တန်ကို ၂၉၆၀၀၀၀ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၆၃၀၀၀ သောကြာအထိ မှာ ၂၉၉၅၀၀၀ ကျပ်ရှိပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းစျေးကွက်မှာ စျေးတန်းမြင့်တက်လာပြီး ဝါးခယ်မ ပဲတီစိမ်းကတော့ စျေးတန်းအမြင့်ဆုံးမှာရှိနေပါတယ်။ အရင်နှစ်တုန်းက ပဲတီစိမ်းခရမ်းရွှေဝါက အမြင့်ဆုံး စျေးရှိပေမယ့် ခုနှစ်မှာ ဝါးခယ်မက စျေးကွက်အမြင့်ဆုံးဖြစ်နေတာပါ။ ပဲတီစိမ်းကို တရုတ်ကဝယ်လိုအားရှိတာကြောင့် ဈေးကွက်ကောင်းပြီး ရောင်းလိုအားများနေတာဖြစ် ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၆၆၅ ကျပ်နဲ့ဈေးငြိမ်နေ ပြီး ပဲတီစိမ်း အညာက ၅၃၃၀ ကျပ်မှ ၅၃၅၀ ကျပ်၊ပဲတီစိမ်း ဝါးခယ်မကတော့ ၅၄၁၅ မှ ၅၄၃၅ ကျပ်ရှိပါတယ်။ ပဲတီစိမ်းမျိုးစုံ စျေးတက်လာတာဖြစ်ပြီး တစ်ပိဿာကို ၁၆၅ ကျပ်မြင့်လာတာဖြစ်ပါတယ်။

    နယ်စျေးကွက်မှာက ပဲတီစိမ်းဝါးခယ်မ ပိဿာ ၂၀ တစ်တင်းကို ၁၅၀၀၀၀ ကျပ်အထိရှိနေပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီက နွေကြက်သွန်အသစ်တွေ စျေးကွက်ထဲဝင်ရောက်နေပေမယ့် သကြင်္န်ကာလ နီးလာပြီဖြစ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကားအဝင်များနေပေမယ့် ဈေးတက်ရိပ် ပြလာ ပါတယ်။

    အခါကြီးရက်ကြီးနားနီးတာကြောင့် အရောင်းအဝယ်လည်းသွက်နေပါတယ်။လှောင်လက်သမားတွေလည်းအဝယ်ရှိနေပါတယ်။

    ရန်ကုန်ဘုရင့်နောင်မှာ ဆိပ်ဖြူနဲ့တောင်တွင်း ကြက်သွန်နှစ်မျိုးသာစျေးတန်းဖွင့်ထားပါတယ်။ ဆိပ်ဖြူကြက်သွန်က ၁၂၀၀ မှ ၂၀၀၀ ကျပ်ရှိပြီး တောင်တွင်း ကြက်သွန်က ၁၁၅၀ မှ ၁၈၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။

    (AMIA )

    --------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
7
comments
0
views
3106
cover
cover
cover
cover
cover