cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

"မတ်ပဲ၊ ပဲစင်းငုံ ၊ မတ်ပဲ စျေးတွေ တက်လာပေမယ့် စပါးစျေးကွက်ကျနေဆဲ "

. ဈေးကွက်သုံးသပ်ချက်
မတ်ပဲကတော့ တစ်တန်ကို သိန်း ၃၀ ကျော်ပတ်လည်မှာပဲရှိနေပြီး အရင်အပတ်နဲ့ ယှဥ်ရင် တော့ စျေးနှုန်းတက်လာတဲ့အခြေအနေတွေ့ရပါတယ်။
  • တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်(၃၁. ၃. ၂၀၂၅ မှ ၄.၄. ၂၀၂၅)

    မတ်ပဲ

    မတ်ပဲကတော့ တစ်တန်ကို သိန်း ၃၀ ကျော်ပတ်လည်မှာပဲရှိနေပြီး အရင်အပတ်နဲ့ ယှဥ်ရင် တော့ စျေးနှုန်းတက်လာတဲ့အခြေအနေတွေ့ရပါတယ်။ မတ်ပဲကလက်ရှိမှာ  အိန္ဒိယရဲ့ ဝယ်လိုအား အပေါ် လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ဒါ့အပြင် ငလျင်အခြေအနေကြောင့် ပဲထွက်ရာ အဓိက ဒေသတွေမှာ အရောင်းအဝယ်အေး ဈေးနေတာလည်း ဖြစ်ပါတယ်။

     ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၀၂၀၀၀ ကျပ်၊အင်္ဂါနေ့မှာ ၃၀၁၆၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၀၈၀၀၀ ကျပ်၊ကြာသ ပတေးနေ့ မှာ ၃၀၁၂၀၀၀ ၊ သောကြာနေ့မှာ ၃၀၂၀၀၀၀ ကျပ်ရှိပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံကလည်း ဧပြီလအစ ပထမပတ်မှာ တစ်တန်ကို သိန်း ၃၀ ကျော်အထိ စျေးတန်းပြန်တက်လာတာ တွေ့ရပါတယ်။ ပဲစင်းငုံကလည်း အိန္ဒိယဝယ်လိုအားပေါ်လိုက်ပြီး စျေး အတက်အကျရှိတာဖြစ်ပါတယ်။ 

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၉၉၆၀၀၀ကျပ် ၊ အင်္ဂါနေ့က ပဲစင်းငုံနီ တစ်တန်ကို ၃၀၇၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့က ၃၀၀၀၀၀၀ ၊ကြာသပတေးမှာ ၂၉၉၀၀၀၀ သောကြာအထိ ၃၀၀၅၀၀၀ ကျပ်ရှိပါတယ်။

    ပဲတီစိမ်း 

    ပဲတီစိမ်းက ဒီတစ်ပတ်မှာလည်း စျေးကွက်ဆက်တိုက် မြင့်တက်လာပြီး အရောင်းအဝယ် လည်းသွက် နေ တယ်လို့သိရပါတယ်။ ပဲတီစိမ်းကို တရုတ်ကဝယ်လိုအားရှိတာကြောင့် ဈေးကွက်ကောင်းပြီး ရောင်းလိုအား များနေတာဖြစ်ပါတယ်။ ဥရောပစျေးကွက်ကလည်း ဝယ်ယူမှုရှိနေပါတယ်။


    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၈၃၀ ကျပ်ရှိ ပြီး ပဲတီစိမ်း အညာက ၅၅၀၀ ကျပ်မှ ၅၅၂၀ ကျပ်၊ပဲတီစိမ်း ဝါးခယ်မကတော့  ၅၆၆၅ မှ ၅၆၈၅ ကျပ်ရှိပါတယ်။ ပဲတီစိမ်းမျိုးစုံ စျေးတက်လာတာဖြစ်ပြီး တစ်ပိဿာကို ၁၅၀ မှ ၂၅၀ ကျပ်အထိစျေးနှုန်း ထပ်မံ မြင့်လာတာဖြစ်ပါတယ်။

    စပါး 

    စပါးစျေးကတော့ လက်ရှိအထိစျေးနှုန်းတွေ ကျဆင်းနေဆဲ ဖြစ်နေပါတယ်။ စျေးကျဆင်းတဲ့အပြင် ဝယ်ယူသူလည်း မရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်။ နွေစပါးစျေးကွက်အပြင် ပြီးခဲ့တဲ့ မိုးရာသီ စပါးစျေးကွက်အပါနှစ်ခုလုံး စျေးတန်းကျပြီး အဝယ်မရှိသလောက်ဖြစ်နေပါတယ်။

    လက်ရှိဖြစ်ပေါ်နေတဲ့ စပါးစျေးနှုန်းတွေက နွေစပါးဆိုရင် အညာသားစပါးစက်ကျကို အနိမ့်ဆုံး ၁၃ သိန်းကျပ်နဲ့နေလှန်းစပါးအခြောက်က ၁၄ သိန်း ၅၀၀၀၀ ကျပ်ရှိပြီး  ရက် ၉၀ စပါးဆိုရင် စက်ကျကို ၁၂ သိန်း ၅၀၀၀၀ ကျပ် နဲ့စပါးနေလှန်းအခြောက်က ၁၅ သိန်းကျပ်ရှိတယ်လို့သိရပါတယ်။

    GW 11 စပါး၊ ဆာဖိုးသာ ၊ ဗီယက်နမ် နဲ့ နယူးဧရာစပါးအသစ်တွေကတော့ စပါး ၁၀၀ ကိုမှ ၁၉ သိန်း ၅၀၀၀၀ ကျပ်အထိ စျေးကျဆင်းနေတာဖြစ်တယ်လို့သိရပါတယ်။စပါးစျေးနှုန်းဟာ နေရာဒေသအလိုက် စျေးနှုန်း အပြောင်းအလဲ ကွာခြားမှုရှိနိုင်တယ်လို့သိရပါတယ်။

    (AMIA)


  • article
likes
14
comments
1
views
3709
cover
cover
cover
cover
cover