cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။
  • ပဲခူးတိုင်း(အရှေ့) - ဧပြီ ၆ ရက်နေ့တွင် မိုးထစ်ချုန်းရွာနိုင်သော်လည်း မိုးမများနိုင်၊ အဆိုပါရင် ညနေ ၃ နာရီနောက်ပိုင်းတွင် မိုးရေချိန်အများဆုံး ၀.၃ မီလီမီတာ(၀.၀၁၁ လက်မခန့်)သာ ရွာနိုင်ပြီး၊ တောင်-အရှေ့တောင်ဘက်အရပ်မှ လေတိုက်နှုန်းတနာရီ ၃ မိုင်မှ ၁၁ မိုင်ခန့်ရှိနိုင်သည်။ ဧပြီလ ၅ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ နှင့် ၁၁ ရက်များတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး အမြင့်ဆုံးအပူချိန် ၃၈°C - ခံစားရသည့်အပူချိန် ၄၀°C အထိ ရှိနိုင်ပါမည်။ တပတ်အတွင်း ပျမ်းမျှလေတိုက်နှုန်း တောင်-အရှေ့တောင်အရပ်မှ တနာရီ ၇ မိုင်ခန့်ရှိနိုင်ပါမည်။

    ပဲခူးတိုင်း(အနောက်) - ဧပြီ ၁၁ ရက်နေ့တွင် နံနက် ၆ နာရီ မှ ၁၂ နာရီအတွင်း မိုးအသင့်အတင့်ထစ်ချုန်းရွာနိုင်ပါမည်၊ မိုးရေချိန်အများဆုံး ၂၀ မီလီမီတာ(၀.၈ လက်မခန့်) ရွာနိုင်ပြီး၊ အနောက်ဘက်အရပ်မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၁၉ မိုင်ခန့်အထိတိုက်နိုင်ပါမည်။ ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ရာသီဥတုသာယာပြီး၊ ၇ ရက်နေ့တွင် တိမ်ဖုံးအုပ်နိုင်ချေ အများဆုံးဖြစ်နိုင်သည်။ ဧပြီ ၁၀ ရက်နေ့တွင် အမြင့်ဆုံးအပူချိန် ၄၀°C အထိ ရှိနိုင်ပါမည်။ တပတ်အတွင်း လေတိုက်ခတ်သည့်အခြေအနေ တောင်-အနောက်တောင်နှင့် အနောက်မြောက်အရပ်မှ ပျမ်းမျှ တနာရီ ၇ မိုင်ခန့်ရှိနိုင်ပါမည်။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်

    မန္တလေးတိုင်းတွင် အပူချိန်မြင့်သော ကာလဖြစ်သဖြင့်

    ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကိုထိန်းထားခြင်း အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

    ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။ အဲ့ဒါမှ ရောဂါဖြစ်စေသောဘက်တီးရီးယား (Pathogenic Bacteria) ပေါက်ပွားမှုနည်းပါမည်။ ငါးများအတွက် လိုအပ်သောအောက်စီဂျင်ပမာဏရမှသာ ငါးများတွင် ဖိစီးမှု (Stress)မရှိပဲ ကိုယ်ခံအား (Immunity)ကောင်းပြီး ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။

    (3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူ မဝဖြစ်စေပြီး သေဆုံးတတ်ပါသည်။

    ကန်ရေ၏ အတိမ်အနက်သည် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ပြန့်နှံ့စေခြင်းကို ဖြစ်စေပါသည်။ အပူပိုင်း ဇုံ တွင် မွေးမြူသော ငါးများအတွက် ကန်ရေအနက်သည် (၅)ပေမှ (၆)ပေခွဲ ထားရှိရပါမည်။ ပုစွန်ကန်များအတွက် ကန်ရေအနက်သည် (၄)ပေ မှ (၆)ပေအထိထားရှိရပါမည်။

    ---------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
11
comments
0
views
5446
cover
cover
cover
cover
cover