ငါးပုစွန်များ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပျက်စီးရခြင်းအကြောင်းများ
- ငါးမွေးတောင်သူများသည် ယခုလအတွင်း ငါးထုတ်လုပ်ရန်ကန်ဖော်ခြင်း ကိုအများစုဆောင်ရွက်နေကြ ပါသည်။ ကန်ဖော် ငါးထုတ်ရောင်းချရာတွင် ငါးအဝယ်ဒိုင်များမှ ရေခဲများကားဖြင့် တင်ဆောင်ပြီး ကန်အရောက် လာရောက်သယ်ယူခြင်းများလည်းရှိကြပါသည်။ ငါးထုတ်ကုန် နည်းသောကန်များသည် မိမိဖော်ထုတ်သောငါး များကို ရေခဲပုံးများဖြင့် ရေခဲရိုက်ပြီး ဒိုင်သို့ပို့ဆောင်ခင်းများလည်း ရှိပါသည်။ ငါးများကန်မှစတင်ထုတ်လုပ်သည် မှ စားသုံးသူအထိရောက်ရှိရန် အဆင့်ဆင့်သော ကြားခံများ ရှိပါသည်။ ထို့သို့ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ငါး ပူစွန်များဆီးရခြင်းအကြောင်း မှာ အောက်ပါအတိုင်းတွေ့ရှိရပါသည်။ - ထုတ်လုပ်မှု့ကွင်းဆက်တစ်လျှောက် ပျက်ဆီးဆုံးရှုံးမှုများ - ငါးအစို (ငါးစိမ်း)ရောင်းချခြင်း - Ø ရေခဲမလုံလောက်သဖြင့် အရည်အသွေးဆုံးရှုံးခြင်း - Ø ကြမ်းခင်း၊ မြေပြင်ချရောင်းသဖြင့် သဲ၊ ဖုံများဝင်ရောက် - သဖြင့် အရည်အသွေးဆုံးရှုံးခြင်း - Ø သန့်ရှင်းမှုအားနည်းသဖြင့် အရည်အသွေးဆုံးရှုံးခြင်း - ပြုပြင်ထုတ်လုပ်ခြင်းနှင့် ထုတ်ပိုးခြင်း - ü အချိန်ကြာသဖြင့် ပျက်စီးဆုံးရှုံးမှုများခြင်း - ü သန့်ရှင်းမှု အားနည်းခြင်းကြောင့် ပျက်စီးဆုံးရှုံးခြင်း - ü ရေ၊ ရေခဲအရည်အသွေးမကောင်ခြင်းကြောင့် ဆုံးရှုံးခြင်း - ü ရေခဲ မလုံလောက်သဖြင့် ပျက်စီးခြင်း - ü ရေခဲပုံး၊ အအေးခန်းမလုံလောက်သဖြင့် ပျက်စီးခြင်း - ü လုပ်ငန်းစဉ်ကြာမြင့်မှုကြောင့် ငါးလတ်ဆတ်မှုဆုံးရှုံးခြင်း - သိမ်းဆည်းခြင်း - v ရေခဲ မလုံလောက်သဖြင့် ပုပ်သိုးခြင်း မှိုပေါက်ခြင်း - v အပြည့်အလျှံထည့်သဖြင့် ရုပ်ပိုင်းဆိုင်ရာပျက်စီးခြင်း - v ရေခဲရိုက် နည်းစနစ် မမှန်ကန်ခြင်း - v သန့်ရှင်းမှု အားနည်းခြင်း - v နည်းစနစ်မှန်ကန်စွာ မထိန်းသဖြင့် ငါးများအရောင် - မလှခြင်း - v ဓါတ်တိုးခြင်းများဖြစ်သဖြင့် ငါးများဆီချေးနံ့ဖြစ်ခြင်း - U San Aung - Htwet Toe - '------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
