cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၉၀၀၀ ကျော် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၂၉ သန်းကျော်ရရှိ

. ဈေးကွက်သတင်းများ
တင်ပို့မှုကိုလည်း ရန်ကုန်မြို့မှ တဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
  • ကုန်ခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပုစွန်တင်ပို့ရာမှာ မက်ထရစ်တန် ၉၀၀၀ ကျော် တင်ပို့နိုင်ခဲ့ခြင်းဖြစ်တာကြောင့် အမေရိကန်ဒေါ်လာ ၂၉ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။  

    “၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ ဧပြီ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့ထိ တစ်နှစ်တာကာလအတွင်းမှာဆိုရင် ပြည်ပကို ပုစွန်တင်ပို့မှုအနေနဲ့ မက်ထရစ်တန် ၉,၁၄၆ ဒသမ ၆၁၅ တန် တင်ပို့နိုင်ခဲ့ပြီးတော့ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၆၇၃ သန်းရရှိခဲ့ပါတယ်။ ပုံမှန်ကုန်သွယ်မှုကရော၊ နယ်စပ်ကုန်သွယ်မှုကပါ နှစ်ခုစလုံးနဲ့ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်” လို့ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။ 

    တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၇၅၀၇ ဒသမ ၃၁၅ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၅၃ သန်းရရှိခဲ့သလို နယ်စပ်ကုန်သွယ်ရေးဖြင့်လည်း ပုစွန် မက်ထရစ်တန် ၁၆၃၉ ဒသမ ၃ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၂ သန်း ရရှိခဲ့ကြောင်း အဆိုပါ ဦးစီးဌာန စာရင်းများအရ သိရပါတယ်။ 

    မြန်မာနိုင်ငံအနေဖြင့် ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့နေတာဖြစ်ပါတယ်။ တင်ပို့မှုကိုလည်း ရန်ကုန်မြို့မှ တဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ 

    Myanmar Future News မှ ကူးယူဖော်ပြပါသည်။

    -------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
1
comments
0
views
1586
cover
cover
cover
cover
cover