ဉာဏ်စမ်းအဖြေမှန်နှင့်ဖုန်းဘေလ်ကံထူးသူများစာရင်း🤗🤗
- ငရုတ်တွင်ကျရောက်သော ရွက်တွန့်လိမ်ဗိုင်းရပ်စ် (Leaf Curl Virus) ရောဂါသည် ယင်ဖြူကျရောက်မှုကြောင့် ကူးစက်နိုင်သောရောဂါဖြစ်ပါသည်။ ငရုတ်၊ ခရမ်းချဥ်၊ ဝါ စသောသီးနှံများတွင် ကျရောက်မှုများသည်။ပင်ပိုင်းကြီးထွားချိန်တွင် ယင်ဖြူကျပြီး ရွက်တွန့်လိမ်ဗိုင်းရပ်စ်ကူးစက်ခံရပါက အပင်သေသည်အထိပြင်းထန်ပြီး ဆုံးရှုံးမှုများစေပါသည်။ ငရုတ်၊ ခရမ်းချဥ်တွင် ယင်ဖြူကျရောက်ပြီး ၇-၁၀ ရက်အတွင်းထိုလက္ခဏာကိုတွေ့ရတတ်ပါသည်။ - လက္ခဏာပုံစံအနေဖြင့် အရွက်အနားများတွန့်လာပြီး အပေါ်ဘက်သို့(ခွက်ပုံသဏ္ဍာန်) ကွေးလာသည်။ အရွက်တစ်ရှူးသားများရောင်မညီကွက်ကြားဖြစ်လာခြင်း၊ ညီညာမှုမရှိဘဲ အဖုအထစ်များဖြစ်လာခြင်း၊ အရွက်အရွယ်အစားသေးငယ်ခြင်း၊ အဆစ်တိုအပင်ပုခြင်းကိုငရုတ်တွင်အဓိကတွေ့ရတတ်ပါသည်။ - ဒါကြောင့် ဒီတစ်ပတ်ဉာဏ်စမ်းမေးခွန်းရဲ့အဖြေမှန်က (၃) ယင်ဖြူ ဖြစ်ပါတယ်။ - ဝင်ရောက်ဖြေဆိုသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ - ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။ - ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - ထွက်တိုး Download ရယူရန် - https://bit.ly/htwettoev2 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
